ရွှေဘိုက ငါးခြောက်အိန္ဒိယရောက်တော့မည်

ချင်းတွင်းမြစ်ကို အမှီပြုပြီး တံငါ လုပ်ငန်းလုပ်ကိုင်သူတို့ဟာ ဖမ်းဆီးရမိ တဲ့ငါးများကို ငါးစိုအဖြစ် နီးစပ်ရာ ဆိပ်ကမ်းမြို့များကို ရောင်းချခြင်းအပြင်၊ ပိုလျှံတဲ့ငါးများအား ဝမ်းဗိုက်ခွဲ ကလီစာ ထုတ်ယူခြင်းမရှိဘဲ ငါးအကောင် လိုက် ဆားနဲ့လူးနယ်ပြီး၊ နေပူပူသဲသောင်ပြင် ပေါ်မှာနေလှမ်းပြီးဖြစ်စေ၊ မီးနဲ့ကြပ်တင် ပြီးဖြစ်စေ၊ ငါးအခြောက်ပြုလုပ် ပြီးရရှိ တဲ့ငါးအခြောက်များကို တမူးနယ်စပ် ကုန် သွယ်မှုလမ်းကြောင်းမှ အိန္ဒိယသို့ တင်ပိ့ုရောင်းချ ခဲ့ပြီး၊ နှစ်စဉ်ပို့ကုန် ပမာဏမြင့်တက်လျက်ရှိပါတယ်။

၎င်း  ငါးခြောက်မှာ အိန္ဒိယ ကသည်းများ ကြိုက်နှစ်သက်ပြီး၊အဓိက ဝယ်ယူ စားသောက်သဖြင့် "ကသည်း ခြောက် " အဖြစ်လူသိများပါတယ်။ နှစ်စဉ်ကသည်းခြောက် ဝယ်လို အားများလာလို့မြစ်ငါးအပြင်မွေးမြူရေး ငါးများကိုလည်းကသည်းခြောက်ပြုလုပ် တင်ပို့နိုင်ရေးအ တွက် မွေးမြူရေး ငါးကန် ဧက ၃၀၀၀ ကျော်၊ အသင်းသား ၃၂၀ နဲ့စုဖွဲ့ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင်ငါး လုပ်ငန်းရှင်အသင်းကိုမွေးမြူရေးငါးများ ဝယ်ယူရေးအတွက် တမူးမြို့မှ (ငါးစို၊ ငါးခြောက်၊ ကြပ်တင်ခြောက်)သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်များမှ လာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဇွန်လ ၃ ရက်က ရွှေဘိုခရိုင်၊ရွှေဘိုမြို့ရန်ကြီးအောင်ခန်းမ မှာပြုလုပ်ခဲ့တဲ့ပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအစည်းအဝေးမှာရွှေဘိုခရိုင် ငါးလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌက တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။အောင်မင်း - တန့်ဆည်