ဗီယက်နမ် ပြည်တွင်းစပါးဈေးများကျဆင်းမှု အားနည်းရပ်တန့်သွားစေရန် ဆန်တန်ချိန် တစ်သန်းကို ပြည်တွင်းဆန်တင်ပို့သည့် ကုမ္ပဏီများက ဝယ်ယူမည်
ဗီယက်နမ်ပြည်တွင်းစပါး ဈေးများ ကျဆင်းနေတဲ့အရှိန် ရပ်တန့်သွားစေဖို့ လက်ရှိ ရိတ်သိမ်းနေတဲ့ စပါးများမှ ထွက်ရှိတဲ့ ဆန်တန်ချိန် တစ်သန်းကို ဝယ်ယူ သိုလှောင်ထားဖို့ ပြည်တွင်းရှိ ဆန်တင်ပို့တဲ့ကုမ္ပဏီတွေကို အစိုးရက ညွှန်ကြားထားခဲ့တယ်။ ဒါ့ကြောင့် ဇွန်လ ၁၅ ရက်နေ့မှစပြီး ဆန်များကို စတင် ဝယ်ယူသွားမယ်လို့ သိရတယ်။
ကုမ္ပဏီများအနေနဲ့ လယ်သမား များထံမှ စပါးတစ်ကီလိုကို၄၁၄၂ ဒေါင် (တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ ဝန်း ကျင်)နဲ့ ဝယ်ယူသွားဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာနကသတ်မှတ်ပေးထားတယ်။ စပါးဝယ်ယူဖို့အတွက် ကုမ္ပဏီတွေကို ၃ လတာအတိုးမဲ့စနစ်နဲ့ ထုတ်ပေးသွား မှာဖြစ်တယ်။ ဗီယက်နမ်မှာ စီးပွားရေး လုပ်ငန်းများအတွက် အတိုးနှုန်းမှာ တစ် နှစ်ကို ၁၅ ရာခိုင်နှုန်းဝန်းကျင် သတ်မှတ် ထားတယ်။ လယ်သမားများက တစ်ကီလိုကို ၅၄၀၀ ဒေါင်(တစ်တန်ကို ကန်ဒေါ်လာ ၂၆၀ ဝန်းကျင်) ရလိုကြတယ်လို့ သိရ တယ်။ တစ်ကီလိုကို ၅၄၀၀ ဒေါင်ရမှ သာ လယ်သမားများအနေနဲ့ အမြတ် ၃၀ ရာခိုင်နှုန်း ရမှာဖြစ်ကြောင်း၊ အစိုးရ ကလည်း လယ်သမားများ အမြတ် ၃၀ ရာခိုင်နှုန်း ရရှိစေရမယ်လို့ ယခင်က ကတိ ပြုခဲ့ဖူးကြောင်းသိရတယ်။ ဗီယက်နမ်လယ်သမားများ အနေ နဲ့ အစိုးရကတိပြုထားတဲ့ အမြတ်ငွေမရ သည်သာမက ပို့ကုန်လုပ်ငန်းရှင်များ အနေနဲ့လည်း ဆန်တင်ပို့မှုဝင်ငွေရရှိမှု လျော့နည်းလျက် ရှိတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ အတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် စုစုပေါင်း ၂ ဒသမ ၈၆ သန်းတင်ပို့ခဲ့ရ ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံသာ ရရှိခဲ့တယ်။ ဒါ့ကြောင့် ယခင်နှစ်ကထက် ဝင်ငွေအနေနဲ့ ၈ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး တင်ပို့မှု ပမာဏအနေနဲ့ ၃ ရာခိုင်နှုန်းလျော့နည်း ခဲ့တယ်။ ဗီယက်နမ်ရဲ့ FOB ဆန်ဈေး နှုန်းများက ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၄ နိုင်ငံအကြား အနိမ့်ဆုံး ဈေးနှုန်းထား ပြီး တင်ပို့နေသော်လည်း မျှော်မှန်းထား သလောက် ဝယ်လိုအား မရခဲ့တဲ့အပြင် ဝင်ငွေပါလျော့ကျခဲ့ရတယ်။ ယခုနှစ် အတွင်း ဗီယက်နမ်ဆန်ကို ဝယ်ယူတင် သွင်းမှု အများဆုံး နိုင်ငံများမှာ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြတယ်။ပပ
