အာရှဆန်ဈေးကွက်တွင် ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသော်လည်းအိန္ဒိယနှင့်ပါကစ္စတန်ဆန်ဈေးနှုန်းများတည်ငြိမ်ခိုင်မာနေ

ဇွန်လအတွင်းထိုင်းနဲ့ဗီယက်နမ်ဆန်ဈေးနှုန်းများ တဖြည်း ဖြည်းကျဆင်းလာတယ်။ထိုင်းဆန်ဖြူဈေးနှုန်း များလည်း ၂၀၁၁ ခုနှစ် ဇူလိုင်လနောက်ပိုင် းအနိမ့်ဆုံးနှုန်းထိကျဆင်းလာ တယ်။ မေနှောင်းပိုင်း ဈေးနှုန်းများနဲ့ ယှဉ်ရင်လည်း များစွာ ဈေးကျလာတယ်။ မေလနှောင်းပိုင်းက တစ်တန်ကို ၅၀၅ ဒေါ်လာနှုန်းထားမှာ ရှိနေတဲ့ ထိုင်းဆန်ဖြူ ၂၅ မှတ်ဆန်ဖြူက ဇွန်လ ၂၀ ရက်နေ့မှာ တစ်တန်ကို ၄၈၀ ဒေါ်လာအထိ ၂၅ ဒေါ်လာ ဈေးကျလာပြီး ဇန်နဝါရီ လနှောင်းပိုင်း ဈေးနှုန်းထက် မူ ၅၅ ဒေါ်လာ ဈေးကျလာတယ်။ ဘတ်ငွေတန်ဖိုး ကျဆင်း ခြင်း၊ ထိုင်းအစိုးရက လယ်သမားများထံမှ စပါးဝယ်ယူတဲ့ နှုန်းထားကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးမယ်ဆိုခြင်းတို့ကြောင့် FOB နှုန်းများကျ ဆင်းလာခြင်းဖြစ်တယ်။

ဆက်လက်ပြီးလည်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဗီယက်နမ်ဆန်ဈေးနှုန်းများမှာလည်း မတ်လနောက်ပိုင်း မှစပြီး အားနည်းလာခဲ့တဲ့အပြင် ယခုဇွန်လအတွင်း မှာလည်း ဈေးနှုန်းဆက်တိုက်ကျဆင်းလာတယ်။ မေလနှောင်းပိုင်းက တစ်တန်ကို ၃၆၀ ဒေါ်လာနဲ့ အရောင်းရှိခဲ့တဲ့ ၂၅ မှတ်ဆန်ဖြူ က ဇွန်လ ၂၀ ရက်နေ့မှာ တစ်တန်ကို ၃၄၅ ဒေါ်လာအထိ ၁၅ ဒေါ်လာ ဈေးကျလာ တယ်။ ပြည်ပဝယ် လိုအား နည်းနေ တဲ့အပြင် စပါးအသစ်ရိတ်သိမ်းနေပြီဖြစ်ခြင်း၊ ပုဂ္ဂလိက ဆန် တင်ပို့ သူများလက်ဝယ်မှာ ယခင်လက် ကျန်သိုလှောင် ဆန် များ ရှိနေသေးခြင်းတို့က ပြည်တွင်းစပါးဈေးနှုန်းနဲ့ FOB နှုန်းတို့ကိုပါ ကျဆင်းစေတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ဈေးနှုန်းများမှာမူ ပြောင်းလဲမှု မရှိတည်ငြိမ်နေတယ်။ ၎င်းနှစ်နိုင်ငံရဲ့ ၂၅ မှတ်ဆန်ဖြူ FOB  နှုန်းမှာ တစ်တန်ကို ၄၀၀ ဒေါ်လာဖြစ်တာကြောင့် အမျိုး အစားတူ ဗီယက်နမ် ဆန်ထက် ၅၅ ဒေါ်လာဈေးမြင့်နေဆဲ ဖြစ်တယ်။ အိန္ဒိယမှာ အစိုးရစပါးဝယ်ယူတဲ့ အနိမ့်ဆုံး အထောက်အပံ့နှုန်းထား (MSP) မြင့်မားခြင်း၊ ပါကစ္စတန်ရဲ့ စပါးစိုက်ပျိုးကုန်ကျစရိတ်မြင့်မားခြင်းတို့ကြောင့် ၎င်း တို့ရဲ့ ဆန်ဈေးနှုန်းများက ဗီယက်နမ်ဆန်ဈေးများနဲ့ ယှဉ်ရင် ဈေး ကွက်ယှဉ်ပြိုင်စွမ်းအား လျော့နည်းလျက်ရှိတယ်။        ပပ