နိုက်ဂျီးရီးယားနိုင်ငံ၏ ဆန်ထုတ်လုပ်မှု ၃၁ ရာခိုင်နှုန်း တိုးတက်မည်ခန့်မှန်း

 
နိုက်ဂျီးရီးယားနိုင်ငံက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၃၇ သန်းထုတ်လုပ်ခဲ့ခြင်း ထက် ၃၁ ရာခိုင်နှုန်း ပိုမိုပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃ ဒသမ ၁ သန်းထိမှတ်တမ်းဝင်ထုတ်လုပ်နိုင် မယ်လို့ အမေ ရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) ကခန့်မှန်းတယ်။

ထုတ်လုပ်မှုတိုးတက်လာခြင်းက ယခင် ဘဏ္ဍာနှစ်အတွင်းက နိုက်ဂျီးရီးယားနိုင်ငံရဲ့ စပါးစိုက်ပျိုးရာဒေသများမှာ ရေ လွှမ်း မိုးမှုဒဏ်ကိုခံရခြင်းကြောင့် ယခု ဘဏ္ဍာနှစ်မှာ စပါးစိုက်ဧက တိုးချဲ့ပြီး ပိုမိုစိုက်ပျိုးခဲ့ခြင်းကြောင့်ဖြစ်တယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ဟက်တာပေါင်း ၂ သန်း စိုက်ပျိုးခဲ့ကြောင်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၂၅ ရာခိုင်နှုန်း ခန့်တိုးတက်ပြီး ဟက်တာပေါင်း ၂ ဒသမ ၅ သန်းထိ တိုးတက်စိုက်ပျိုးခဲ့ကြောင်း သိရတယ်။စပါးအထွက် နှုန်းမှာ လည်း တစ်ဟက်တာကို ၂၀၁၂-၂၀၁၃ ခုနှစ်က ၁ ဒသမ ၈၈ တန်ထွက်ရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ တွင် ၅ ရာခိုင်နှုန်းခန့် ပိုမိုပြီး ၁ ဒသမ ၉၇ တန်ထိ အထွက်နှုန်းတိုးနိုင်တယ်လိ့ု  USDA ကခန့်မှန်းတယ်။ နိုက်ဂျီးရီးယားနိုင်ငံက အာဖရိကနိုင်ငံများအနက် ဆန် ထုတ်လုပ်မှု ၊စားသုံးမှုနဲ့ တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်တယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ဆန်တန်ချိန်ပေါင်း ၃ ဒသမ ၄ သန်းထိ မှတ်တမ်းဝင် တင်သွင်းခဲ့ပြီး ၎င်းင်းနှစ်က ကမ္ဘာ့ဆန် တင်သွင်းမှုအများဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ တင်သွင်းမှုတစ်ရှိန်ထိုးကျဆင်း သွားခဲ့ပြီး တန်ချိန်ပေါင်း ၂ ဒသမ ၄ သန်းသာတင်သွင်းခဲ့ တယ်။ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်မှာလည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က တင်သွင်းခဲ့မှုရဲ့ ၃၀ ရာခိုင်နှုန်းအထိလျော့နည်း ပြီး တင်သွင်းမယ်လို့  USDA က ခန့်မှန်းတယ်။ ဆန် တင် သွင်းမှု ကျဆင်းသွားရခြင်းရဲ့ အဓိကအချက်တစ်ခုမှာ အစိုးရ မှ ဆန်တင်သွင်းခွန်ကို တိုးမြှင့်လိုက်ခြင်းကြောင့်ဖြစ်တယ်လိ့ု   USDA  ရဲ့ ပြောကြားချက်ကို ကိုးကားပြီး oryza မှာဖော်ပြ ထားပါတယ်။                                     ပပ