တာချီလိတ်နယ်စပ်မှအပ ကျန်နယ်စပ်များတွင် ဒေသဆန်ဈေးများ တည်ငြိမ်လျက်ရှိ
တာချီလိတ်နယ်စပ်ဒေသရှိ ဆန်ဈေးနှုန်းမှာ အတက်ရှိခဲ့သော်လည်း ကျန် နယ်စပ် ဒေသအသီးသီးတွင် ယခင်အပတ်ဆန်ဈေးနှုန်းများအတိုင်း ပြောင်းလဲမှု မရှိဘဲ တည်ငြိမ်နေပါတယ်။ တာချီလိတ်နယ်စပ်ရဲ့ ဆန်ဈေးနှုန်း ဟာ ယခင်အပတ် က ဧည့်မထဆန် ၁ ပြည်ကို ၉၅၅ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၁၂ ကျပ်သို့ ဈေးတက် လာခဲ့ကြောင်းသိရပါတယ်။
ဇွန်လ ၁၉ ရက်မှ ၂၅ ရက်ထိ နယ်စပ်ဒေသများရှိ ဆန် ၁ ပြည် ဈေးနှုန်းများကို Commerce Journal စာဖတ်ပရိတ်သတ်များအား အသိပေးလိုက်ရပါတယ်။ ပေါ် ဆန်မွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅၀ ကျပ်၊ လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်း ရွှေဟော်မှာ ၂၀၀၀ ကျပ်၊ ကော့သောင်းမှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်၊ စစ်တွေမှာ ၉၀၀ကျပ်ဈေးအသီးသီးရှိပါတယ်။ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၁၂၁၂ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၆၀၀ ကျပ်ဈေးရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည်ကို တမူး နယ်စပ်မှာ ၁၀၀၀ ကျပ်နဲ့ ရိဒ်နယ်စပ်မှာ ၉၀၀ ကျပ်ဈေးဖြစ်ကြောင်း သိရပါတယ်။ဆွေဆွေဝင်း၊MIRT (DCCA)
