မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ (ထိုင်ဝမ်) ဈေးကျလာ

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄၅ ကျပ်(တစ်တန်ကို ၅၇၈၇၀၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း  မြို့ခံပဲခွဲစက်တွေရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိ ဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။