ရေစကြိုဈေးကွက်မှာ ပဲတီစိမ်းဈေးငြိမ်ပြီး ပြောင်းဈေးအနည်းငယ်မြင့်

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ပစ္စည်းအဝင် များတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန် ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာ ၅၁၅ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။