ကောက်ညှင်းဆန်လေးလဲ UK ကိုသွား
ကောက်ညှင်းဆန်ကို မြန်မာတို့ ကသရေစာနှင့်မုန့်အမျိုးမျိုးပြုလုပ်၍ စားသုံးကြသည်။ကောက်ညှင်းပေါင်း ပူပူနွေးနွေးနှမ်းထောင်းနှင့် အုန်းသီးတို့ သည် လိုက်ဖက်ညီလှသလို ကောက် ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်တို့မှာ လည်း မြန်မာတို့ခံတွင်းတွေ့သော စား ဖွယ်ရာတစ်မျိုးဖြစ်ပေသည်။ ကောက် ညှင်းဆန်တွင် ကောက်ညှင်းငချိတ် (အညိုရင့်ရင့်ရောင်) နှင့် ကောက်ညှင်း ဆန်ဖြူဟူ၍ နှစ်မျိုးရှိလေသည်။ အမျိုး အစားနှင့် အရောင်အသွေးမတူကြသ လို အရသာမှာလည်း ကွဲပြားခြားနားမှု ရှိလေသည်။
သို့သော် မြန်မာကောက်ညှင်း ဆန်တို့က ပွင့်လင်းမြင်သာသော ဈေး ကွက်စီးပွားရေးစနစ်တွင် နယ်ပယ်ခြေ ဆန့်၍ ဈေးကွက်ထိုးဖောက်ဝင်ရောက် နေရာကောက်ညှင်းဆန် အဖြူ (၁၀၀ ရာခိုင်နှုန်း) အား ဥရောပနိုင်ငံကြီးဖြစ် သော UK ခေါ် ဗြိတိန်နိုင်ငံကြီးသို့ တင်ပို့၍ ဈေးကွက်ရှာဖွေရေးခရီးအဖြစ် တင်ပို့ခဲ့လေပြီ။ ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံအား ကုန်သွယ် မှုဆိုင်ရာအခွင့်အရေးများဖြေလျော့ပေး လိုက်ပြီဖြစ်၍ကုန်သွယ်မှုဖြေလျော့ခြင်း နှင့်အတူပါရှိလာသော အခွင့်အရေးများ ဖြစ်သည့် GSP- Form A (Generalized System of Preferance) WTO အဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံ EU အပါအဝင် အဖွဲ့ဝင် (၃၅) နိုင်ငံမှပေးသော တစ် ဖက်သတ်အကောက်ခွန်အခွင့်အရေး အတွက် အကျိုးခံစားခွင့်များရရှိပြီးဖြစ် သည်။ ၎င်း အတူ ASEAN နှင့် အခြား ဆက်စပ်နိုင်ငံများမှ အကောက်ခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက် သေခံလက်မှတ်များကိုလည်း ရန်ကုန် မြို့နှင့် နေပြည်တော်၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ထုတ်ပေးလျက်ရှိပါသည်။ ဈေးကွက် သစ်များ တိုးချဲ့ရှာဖွေပြီး ကုန်သွယ်မှု ပမာဏတိုးမြှင့်ရေး ဆောင်ရွက်လျက် ရှိရာတွင်ရရှိပြီး ဈေးကွက်ခိုင်မာရေး အတွက် အမျိုးအစား၊ အရည်အသွေး မှန်ကန်ကောင်းမွန်၍ နိုင်ငံတကာမှ လက်ခံနိုင်သည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် တင်ပို့နိုင်ရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း အသိပေးတင် ပြလိုက်ရပါသည်။ ထွန်းမြင့်ထွန်း
