ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ မြင်းစီးအားကစားပြိုင်ပွဲဝင်ဖို့ ပြည် တွင်းအရည်အချင်းစစ်ပြိုင်ပွဲများနဲ့ ပြည်ပအကြိုဖိတ်ခေါ်ပြိုင်ပွဲ တစ်ကြိမ်ပြုလုပ်
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ မြင်းစီးအား ကစားပြိုင်ပွဲဝင်ဖို့ပြည်တွင်း အရည် အချင်း စစ်ပြိုင်ပွဲများနဲ့ ပြည်ပအကြို ဖိတ်ခေါ်ပြိုင်ပွဲ တစ်ကြိမ်ကျင်းပပြုလုပ် ခဲ့ပါတယ်။
ပြည်တွင်းအရည်အချင်း စစ်ပြိုင်ပွဲ ကို ဧပြီနဲ့ ဇွန်လမှာ နှစ်ကြိမ်ကျင်းပပြီး၊ ဇူလိုင် ၂၄ ရက်နေ့မှာ တစ်ကြိမ် ကျင်းပမှာဖြစ်ပါတယ်။
ပြည်ပအကြို ဖိတ်ခေါ်ပြိုင်ပွဲများကို မတ်လပိုင်းက ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံအပါအဝင် ၆ နိုင်ငံကိုယ်စား ပြုပြီး၊ မြင်းစီးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
မြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယ တာဝန်ခံ ဦးသန်းထိုက်ဦးက “ဆီးဂိမ်း ပြိုင်ပွဲမှာ မြင်းစီးပြိုင်ပွဲ ၃ မျိုးကျင်းပမယ်။ မြင်းစီးတန်းခုန်ပြိုင်ပွဲ Show Jumping ၊ ၈၀ ကီလို မီတာခရီးရှည်ပြိုင်ပွဲ Endurance နဲ့ မြင်းအလှစီးပြိုင်ပွဲ Dressage တွေပါဝင်မယ်။ အာဆီယံ ၁၀ နိုင်ငံမှာ မြင်းစီးအဖွဲ့ချုပ်ရှိတဲ့ ၈ နိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။ မြန်မာ အပါ အဝင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်း၊ စင်ကာပူ၊ မလေး၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယားနိုင်ငံတွေကိုဖိတ်ခေါ်ထားပါတယ်။ ပြိုင်ပွဲအတွက်ရန်ကုန်ကမြင်း၁၄ကောင် နဲ့ နေပြည်တော်မှာ ၄၁ ကောင်၊ စုစုပေါင်း ၅၅ ကောင် ရှိပါတယ်။ လာပြိုင်မယ့်နိုင်ငံတွေနဲ့ တစ်နိုင်ငံကို မြင်းဘယ်နှစ်ကောင်ပြိုင်မယ်ဆိုတာ မြင်းစီးအားကစား အဖွဲ့ချုပ်နဲ့ ညှိနှိုင်း တိုင်ပင်ပြီးမှလုပ်ပါမယ်။ လောလော ဆယ် ဘယ်နှစ်နိုင်ငံလာပြိုင်မယ်ဆိုတာ မသိရသေးပါဘူး” လို့ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ ပြည်တွင်း အရည်အချင်းစစ်ပြိုင်ပွဲကို ၈ ကြိမ်ပြု လုပ်မှာဖြစ်ပြီး၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ နေ့စဉ် လေ့ကျင့်မှု များပြုလုပ်နေကြောင်း သိရပါတယ်။
ဇူးဇူး - မန္တလေး
