မူဆယ်ဈေးကွက်
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်ဝယ်အားနေ့စဉ် ရှိနေပေမယ့် သိုလှောင်ရုံလက်ကျန်ပစ္စည်းလျော့သွားတာကြောင့် အ ရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အရင်က တရုတ်ယွမ်ငွေဈေးမြင့်လာရင် ပြောင်းဈေးလည်းမြင့်ပြီး အရောင်းလည်းတက်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ တရုတ်ယွမ်ငွေဈေးငြိမ် နေသလို ပြောင်းအရောင်းအဝယ်လည်း လက်ကျန်ပစ္စည်းအပေါ်မူ တည်ပြီး တရုတ်က အဝယ်ရှိနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၇၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
