၂၀၁၃-၁၄ မှာ အိန္ဒိယနိုင်ငံဆန်တင်ပို့မှု တန်ချိန် ၁၁ သန်းထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူများ ခန့်မှန်း
အိန္ဒိယနိုင်ငံက စပါးအထွက်နှုန်း ကောင်းနေခြင်းနဲ့ ဒေါ်လာနဲ့ ဖလှယ်ရာ မှာ ရူပီးငွေတန်ဖိုးအားနည်း နေခြင်းတို့ ကြောင့် ၂၀၁၃ - ၁၄ ဈေးကွက်နှစ် အတွင်း ဆန်တန်ချိန် ပေါင်း (၁၁) သန်း အထိ မှတ်တမ်းဝင် တင်ပို့နိုင်အောင် အထောက်အပံ့ပေးလိမ့်မှာ ဖြစ်တယ်။
အိန္ဒိယနိုင်ငံက ယခင်ဈေးကွက်နှစ်မှာ ဆန်တန်ချိန်ပေါင်း ၁၀ ဒသမ ၄ သန်း ခန့် တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် တင်ပို့ မှု ၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားတယ်။ ၎င်းင်းတင်ပို့မှု ပမာဏ က ကမ္ဘာ့ဆန်ဈေးကွက် ရှယ်ယာ ၂၈ ရာခိုင်နှုန်းထိ ရှိပြီး အိန္ဒိယနိုင်ငံက ၂၀၁၃-၁၄ ဈေးကွက်နှစ်မှာလည်း ကမ္ဘာ့နံပါတ် (၁) ဆန်တင်ပို့သူနေရာကို နောက်တစ်ဖန် ရောက်ရှိဖွယ်ရှိတယ်လို့ အိန္ဒိယပြည်တွင်း ဈေးကွက်ကျွမ်းကျင် သူများက ပြောကြားတယ်။ ၂၀၁၃- ၁၄ ဈေးကွက်နှစ်အတွင်း တင်ပို့မှုမှာ ဘာစမာတီ မဟုတ်သော ဆန် ကိုတန်ချိန်ပေါင်း ၇ ဒသမ ၅ သန်းနဲ့ ဘာစမာတီဆန်ကို စုစုပေါင်း တန်ချိန် ၃ ဒသမ ၅ သန်းခန့်ထိ တင် ပို့နိုင်လိမ့်မှာဖြစ်ကြောင်း ၎င်းင်းရဲ့ အဓိက အင်အား အကြီးမားဆုံး ဖြစ်တဲ့ ပြိုင် ဘက် ထိုင်းနိုင်ငံရဲ့ တင်ပို့နိုင်မှု အား နည်းခဲ့ခြင်းကြောင့် အိန္ဒိယက ၂၀၁၃-၁၄ ဈေးကွက်နှစ်အတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီ ယံ အထိ ရရှိမယ်လို့ မျှော်မှန်းကြောင်း ကျွမ်းကျင်သူများမှ ပြောကြားခဲ့တယ်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန USDA ကတော့ အိန္ဒိယနိုင်ငံက ၂၀၁၃- ၁၄ ဈေး ကွက်နှစ်မှာ ဆန် တန်ချိန် စုစုပေါင်း ၁၀၈ သန်းထိ မှတ် တမ်းဝင် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဆန် တင်ပို့မှုက တန်ချိန်ပေါင်း ၉ သန်း ရှိ မယ်လို့ ခန့်မှန်းထားတယ်။စန္ဒာပျို
