ထိုင်းမှ အီရန်နိုင်ငံသို့ G to G စနစ်ဖြင့် ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ ရောင်းချမည်
ထိုင်းနိုင်ငံအစိုးရက အီရန်နိုင်ငံကို G to G စနစ် (နှစ်နိုင်ငံ အစိုးရ အချင်း ချင်း ညှိနှိုင်းဆွေးနွေးတဲ့ စနစ်) နဲ့ ဆန် တန်ချိန်ပေါင်း ၂၅၀ယ၀၀၀ ကို ယခုနှစ် အတွင်း တင်ပို့ရောင်းချဖို့ စာချုပ် ချုပ်ဆို ခဲ့ပြီးဖြစ်တယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက အာရှနိုင်ငံများရဲ့ ဝယ်လိုအားကို စူးစိုက် လေ့လာပြီး လက်ဝယ်ရှိ ၎င်း၏သို လှောင် ဆန်များကို အာရှနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ကြိုးပမ်း သွားမယ်လို့ ထိုင်းနိုင်ငံ ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးမှပြည်တွင်းသတင်းဌာန များကို ပြောကြားပါတယ်။
အီရန်နိုင်ငံသို့ တင်ပို့ရမယ့် ဆန် တန်ချိန်၂၅၀ယ၀၀၀ မှာ ၁၀၀ ရာခိုင် နှုန်းဆန်ဖြူအမျိုးအစားဖြစ်ပြီး CNF စနစ်နဲ့ အောက်တိုဘာလမှာ တင်ပို့ဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်တယ်။ အီရန် အနေနဲ့L/C ဖွင့်ခွင့်ရဖို့နဲ့ ဆန်တင်သွင်း မှု အပေါ် ငွေသားနဲ့ ပေးချေနိုင်ဖို့ ရည် မှန်းထားတယ်လို့ သိရတယ်။ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံ များသို့လည်း G to G စနစ်နဲ့ ရောင်းချ သွားဖို့ မျှော်မှန်းထားကြောင်း ၊ ထိုင်း နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးမှ ထပ်လောင်းပြောကြားခဲ့တယ်။ ဒါပေမဲ့ ထိုင်းဆန်ကို ဝယ်ယူ တင်သွင်းနေကျ နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့က ယခုနှစ်မှာ ဆန်ကို များများ စားစား တင်သွင်းရလိမ့်မှာ မဟုတ် ကြောင်း ၎င်း တို့မှ ပြောကြားတယ်။စန္ဒာပျို
