၂၀၁၃ ခုနှစ် ပထမ (၇) လအတွင်း ဗီယက်နမ် ဆန်တင်ပို့မှု ယခင်နှစ်ကထက် လျော့နည်းလာ
ဗီယက်နမ် နိုင်ငံက ဇူလိုင်လ အတွင်းမှာ ဆန်တန်ချိန် ပေါင်း ၆၃၃၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေကန် ဒေါ်လာ ၂၉၃ သန်း ရရှိခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတယ်။
ဇူလိုင်လအတွင်းတင်ပို့မှု ပမာဏ က ၂၀၁၃ ခုနှစ် ပထမ (၇) လအထိ တင်ပို့မှုပမာဏကို တန်ချိန်ပေါင်း ၄ ဒသမ ၂၂ သန်းထိမြင့်တက်သွားစေခဲ့ပြီး တန်ဖိုးငွေကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံထိ ရရှိစေခဲ့တယ်။ ဒါပေမယ့် ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၁၁ ဒသမ ၃ ရာခိုင် နှုန်းနဲ့ တန်ဖိုးအားဖြင့် ၁၃ရာခိုင်နှုန်း ကျ ဆင်းသွားခဲ့တယ်။ နှစ်စမှ ပထမ ၆လအတွင်း တင်ပို့ ခဲ့ရမှုဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ် လာ၄၄၃ ဖြစ်ရာယခင်နှစ် ကာလတူက ရရှိခဲ့တဲ့ ဈေးထက် ၆ ဒသမ ၇ ရာခိုင် နှုန်း လျော့နည်းသွားတယ်။ ၎င်း ကာလ အတွင်း တင်ပို့ခဲ့မှုမှာ တရုတ်နိုင်ငံက အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ဗီယက်နမ် နိုင်ငံရဲ့ ဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၃၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်။ ဒါ့အပြင် စင်္ကာပူ၊ အင်ဂိုလာ၊ ဟောင် ကောင်တို့မှလည်း ဗီယက်နမ်ဆန်ကို ဝယ်လိုအားတိုးတက်ခဲ့ရာ ယခင်နှစ် ကာလတူကထက် ၃၇ ရာခိုင်နှုန်း ၊ ၃၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၂ ဒသမ ၇ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့တယ်။ ဗီယက်နမ်က ၂၀၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့မယ်လို့ ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာ အသင်း (VFA) မှ ခန့်မှန်းထားတယ်။ စန္ဒာပျို
