ဓာတ်မြေသြဇာဈေးနှုန်းများ (12-8-13)

တစ်ပတ်အတွင်းအဝင်လျော့သလို လချုပ်မှာလည်း အဝင်လျော့ ပြည်တွင်းကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်နေ့တာ ကာလအတွင်း ကန်ဒေါ်လာ နှစ်သိန်းခုနစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၁၀၄၆ ဒသမ ၆၇၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အတွင်းဝင်လာခဲ့တဲ့ မြေသြဇာများမှာ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၆၉၆ ဒသမ ၆၇၂ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၀၀ နဲ့ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန် ၂၅၀ တို့ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာထိုင်းနိုင်ငံမှ မြေသြဇာအများဆုံး ဝင်လာ တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မြေသြဇာအဝင်က တန်ချိန် သုံးထောင့် ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာတန်ချိန် နှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လအတွင်း ထိုင်း၊ ဘယ်ဂျီယံ၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဆွီဒင်၊ ကနေဒါ စတဲ့နိုင်ငံများမှာ မြေသြဇာမျိုးစုံကို တင်သွင်းခဲ့ပါတယ်။ ဇူလိုင်လအတွင်း စုစုပေါင်း တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန်မှာ တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဇွန်လအ တွင်း တင်သွင်းခဲ့တဲ့မြေသြဇာတန်ချိန်မှာ တစ်သောင်းလေးထောင်ကျော်ရှိခဲ့တာ ကြောင့် ဇူလိုင်လမှာ တန်ချိန်သုံးထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)ယခင်တစ်ပတ်ထက် ဈေးကွက်သွက်လာတဲ့ ဓာတ်မြေသြဇာပြည်တွင်းကို ဇူလိုင်လ ၂၉ရက်မှ သြဂုတ်လ ၃ ရက်အတွင်း ရေလမ်းမှ မြေသြဇာတန်ချိန် တစ်ထောင့်လေးဆယ့်ခြောက်တန် ဝင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ်မှာ မြေသြဇာအဝင်က တန်ချိန် သုံးထောင့်ခြောက်ရာ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ယခုတစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်ကတန်ချိန် တစ်သောင်းငါးထောင် ကျော်ရှိခဲ့ပြီး  ယခင်တစ်ပတ်မြေသြဇာအဝင် မှာတန်ချိန် တစ်သောင်း ခုနှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင့်သုံးရာ ခြောက်ဆယ်ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာ အဝင်လျော့ သလို နယ်စပ်လမ်းမှလည်း အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့မော်လမြိုင်မှာဈေးငြိမ်နေပေမဲ့ မကွေး၊ မန္တလေး ဘက်မှာတော့ ဈေးနည်းနည်းကျလာကာ တောင်ကြီးမှာတော့ ဈေးနည်းနည်း မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ်က တောင်ကြီး၊ မကွေး၊မန္တလေး၊ပဲခူးမှာ အရောင်းပုံမှန်ရှိနေပေမဲ့ မော်လမြိုင်ဘက်မှာတော့ အရောင်း အေးတယ်လို့ို့ သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ်တော်တော် လေးအေးတယ်လို့ သိရပါတယ်။ စိုက်ပျိုးဒေသတွေမှာ မိုးကောင်း ပြီးရေများနေတာ ကြောင့် မြေသြဇာအသုံးလည်းနည်းနေတယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲ အရောင်းအဝယ်က တော်တော်လေးကို အေးနေတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ ဒီတစ်ပတ်မြေသြဇာဈေးက အတက်အကျ မရှိဘဲ ယခင်တစ်ပတ်ဈေးနဲ့ဘဲ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာပုလဲ-အသေး ၄၆% (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၅၀၀ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်း မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲမှာ ယူရီးယား-ပုလဲနဲ့ တီစူပါ (၁၅း၁၅း၁၅) က ဈေးအနည်းငယ်မြင့်လာပေမဲ့ တီစူပါ၁၂%၊ ဓါတ်ဆားနဲ့ ယူရီးယား (ယူအေအီး) ကဈေးအနည်းငယ်ကျလာပြီး ကျန်မြေသြဇာများမှာ ဈေးငြိမ်နေတယ် လို့ သိရပါတယ်။ ဈေးအတက်အကျကလည်း သုံးရာကျပ်မှ ငါးရာကျပ်အတွင်းသာ ရှိတယ်လို့ သိရပါတယ်။ မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာလည်းအရောင်း သွက်တယ် လို့သိရပါတယ်။ ယခင်အပတ်ကလည်း အရောင်းအဝယ်သွက်ခဲ့သလို ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ကောင်းတယ်။ ဒီတစ်ပတ် ဈေးအနည်းငယ် မြင့်လာတဲ့ မြေသြဇာတွေက ယူရီးယား(ပန်းဖူး-တရုတ်) တစ်မျိုးသာရှိခဲ့ပြီး ကျန် မြေသြဇာတွေက ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးအတက်အကျက နှစ်ရာမှ ငါးရာကျပ်အတွင်း သာရှိခဲ့ တယ်လို့ သိရပါတယ်။ မန္တလေး ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်သွက်တယ်လို့ မြေသြဇာ ရောင်း ဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါ တယ်။ဒီတစ်ပတ်မှာ အရောင်းအဝယ် သွက်ပေမဲ့ မြေသြဇာဈေးကတော့ ငြိမ် နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တီစူပါနဲ့ ယူရီးယားက အရောင်းသွက် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၃၀၀ ကျပ်၊  တီစူပါ (GSSP ၁၆%-တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ (GSSP ၁၂ %-တရုတ်) ၇၇၀၀ ကျပ်၊ ကွန်ပေါင်း(၁၀း၁၀း၅)  ၁၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။MIRT (DOT)