ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးပုံမှန်အရောင်း အဝယ်ဖြစ်

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ရက်အတန်ကြာအရောင်းအ ဝယ်အေးနေရာက ဒီတစ်ပတ်မှာ ရန်ကုန်အဝယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း အနေနဲ့ ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိပေမယ့် မန္တလေး-ရန်ကုန်အ ဆွဲပါးသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၁၃၀၅ ကျပ်(တစ်တန်ကို ၇၉၉၁၆၈ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးအနေနဲ့ လှောင်လက်တွေဆီမှာ ပစ္စည်းလက်ကျန် နည်းလာပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ တစ်ပိဿာ ၉၁၀ ကျပ် (တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်ပုံမှန် အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။