ထိုင်းအစိုးရဲရဲ့ ဆန်စပါးမူဝါဒကြောင့် ဆန်ပွဲစားများထိခိုက်

ထိုင်းနိုင်ငံအစိုးရရဲ့ ဆန်ရောင်း ဝယ်မှုစီမံချက်ကြောင့် ပြည်တွင်း ဆန် ပွဲစားများရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဟာ ထိုင်း နိုင်ငံ ဆန်အဖွဲ့အစည်းမှ နုတ်ထွက် သွားကြပြီး ကျန် ၇၀ ရာခိုင်နှုန်းကျော် သာ လုပ်ငန်းဆက်လက်ရပ်တည် လုပ် ကိုင်လျက်ရှိတယ်လို့ ထိုင်းနိုင်ငံ ဆန် အဖွဲ့အစည်းရဲ့ ဥက္ကဌ Supoj  မှပြော ကြားခဲ့ပါတယ်။ ဆန်ပွဲစားများဟာ ထိုင်းနိုင်ငံ ရဲ့ဆန်စပါးလောကကို ဆယ်ရာစု ၄ ခု ကျော်ကြာ ချုပ်ကိုင်အုပ်စိုးခဲ့ကြပြီး  ပြည်ပဆန်တင်ပို့သူများနဲ့ ပြည်တွင်း ဆန်စက်များအကြား ပွဲခ အခကြေးငွေ ရယူ လုပ်ကိုင်ခဲ့ကြတယ်လို့ သိရပါ တယ်။

ဆန်တင်ပို့မယ့် ပို့ကုန်လုပ်ငန်း ရှင်များ ဆန်ဝယ်ယူလိုပါက ပွဲစားများနဲ့ ချိတ်ဆက် ဝယ်ယူကြရပြီး အဆိုပါ ဆန်ပွဲစားများက ဆန်စက်များမှ လိုက် လံဝယ်ယူကာ တစ်ဆင့်ခံ ပြန်လည် ရောင်းချခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရတဲ့ အခကြေးငွေအဖြစ် ဘတ် ၁၀၀ လျှင် ၁ ဘတ်ခန့်ရယူပြီး ရောင်းချမှုပမာဏတန်ချိန်၃၀၀၀ ကျော် ပါက Discount အနေဖြင့်  ပွဲခအား ထက်ဝက်ခန့် လျှော့ချရယူ ဆောင်ရွက် ပါတယ်။ ဆန်စက်များမှ ဝယ်ယူတဲ့ ငွေ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းခန့်အား ဆန် ပွဲစားများမှစိုက်ထုတ်ထားရပြီး ၁ လ၊ ၂ လခန့်ကြာမှသာ ပို့ကုန်လုပ်ငန်းရှင် များမှ ပြန်လည်ပေးချေတာဖြစ်တယ် လို့သိရပါတယ်။ သို့သော်ယနေ့ ဆန်စပါးလောက တွင် အစိုးရမှ ဆန်ရောင်းချမှုပုံစံအား ပြုပြင်ခဲ့ကာ လယ်သမားများမှ ဆန် စက်များတွင်အာမခံထုတ်လုပ်သန့်စင် ကြပြီး ဆန်အာမခံကာလပြီးဆုံးလျှင် အဆိုပါဆန်များကို ထိုင်းနိုင်ငံအစိုးရမှ အစိုးရအချင်းချင်းသော်လည်းကောင်း၊ ပုဂ္ဂလိကဆန်ပို့ကုန်လုပ်ငန်းရှင်များကို လေလံစနစ်ဖြင့်သော် လည်းကောင်း ရောင်းချပေးခြင်းဖြင့် ထုတ်လုပ်မှု ကုန် ကျ စရိတ်သက်သာစေရန်နဲ့ လယ် သမားများ နစ်နာမှု မရှိစေရန် လုပ် ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင်က ဆန်စပါးများကို တစ် ရက်လျှင် ကီလိုသန်းပေါင်း ၇၀ မှ ၈၀ ကြားကိုင်တွယ်အုပ်စိုးခဲ့ကြတဲ့ ဆန်ပွဲစား များဟာ ယခုအခါတစ်ရက်လျှင် ကီလို ၂ သန်းမှ ၃ သန်းကြားသာ လုပ်ငန်း ဆောင်ရွက်ကြရပြီး၊ အဆိုပါဆန်ပွဲစား များဖြင့် ချိတ်ဆက်လုပ်ကိုင်နေသော ပို့ ကုန် လုပ်ငန်းရှင်များဟာ အပိုကုန်ကျ စရိတ်များပြားသောကြောင့် ဗီယက်နမ် နဲ့အိန္ဒိယဆန်ဈေး တစ်တန်လျှင် ၃၈၀-၄၀၀ ဒေါ်လာရှိနေခြင်းထက် ထိုင်းနိုင်ငံ ဆန်ဈေးမှာ ဒေါ်လာ ၇၀၀-၈၀၀ ခန့် ရောင်းချမှသာလျှင်အရင်းရရှိမည့်အနေ အထားကြောင့် ပြည်ပတင်ပို့ရန် အခက် အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့လျက် ရှိပါ တယ်။  ဒါကြောင့် ထိုင်းဆန်ပွဲစားများ ဟာအစိုးရရဲ့ ဆန်အာမခံ စီမံချက်အား အပြင်းအထန်ထိုးနှက် လာနိုင်ဖွယ် ရှိ တယ်လို့ Supoj မှ ထပ်မံပြောကြားခဲ့ ပါတယ်။              AT (Mdy)