၂၀၁၃ခုနှစ် သြဂုတ်လနှောင်းပိုင်း အာရှဆန်ဈေးနှုန်းများ အားနည်းလာ

၂၀၁၃  ခုနှစ် သြဂုတ်လနှောင်းပိုင်း အာရှဆန်ဈေးနှုန်းများ အားနည်းလာ တယ်။ဒေသတွင်းဆန်သိုလှောင်ထားမှုများစွာရှိနေခြင်း၊ ဗီယက်နမ်တွင်စပါး အသစ် များ ရိတ်သိမ်းပြီးစကာလဖြစ်တဲ့အပြင် ထိုင်းနိုင်ငံမှာလည်း စပါးအသစ်များ ရိတ်သိမ်းတော့မှာဖြစ်ခြင်း၊ အိန္ဒိယမှာလည်း စပါးစိုက်ပျိုးမှု အခြေအနေကောင်းမွန် ကာ အထွက်နှုန်း တိုးမယ့်လက္ခဏာရှိခြင်း

၊ အခြားသော ဆန်တင်သွင်းနေကျနိုင်ငံ များမှာလည်း ဆန်သိုလှောင်ထားမှု အလုံအလောက်ရှိနေပြီး ၎င်းတို့ ကိုယ်တိုင် လည်း စပါးအထွက်နှုန်းတိုးခြင်းတို့ကြောင့် ပြည်ပမှဆန်ဝယ်ယူတင်သွင်းမှု လျော့နည်းလာခြင်းစတဲ့အချက်များက အာရှဆန်ဈေးနှုန်းများကို အားနည်းစေ တယ်လို့ သိရတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆန်ဈေးနှုန်းကျဆင်းမှုမှာမူ ရူပီးငွေတန်ဖိုး ကျဆင်းခြင်းကြောင့် FOB တန်ဖိုးကျဆင်းခြင်း ဖြစ်တယ်လို့ သိရတယ်။ သြဂုတ်လအတွင်း ရူပီးငွေက တစ်အောင်စကို ၆၅ ဒသမ ၅၆ ရူပီးအထိ စံချိန်တင် အားနည်းခဲ့သဖြင့် ဆန်ဖြူ ၂၅ ရာခိုင်နှုန်းရဲ့FOB  နှုန်းထားက တစ်တန်ကို ၃၉၀ ဒေါ်လာမှ ၃၇၅ ဒေါ်လာ အထိ ၁၅ ဒေါ်လာ ဈေးကျလာတယ်။ ဒီလို FOB တန်ဖိုး ကျဆင်းလာခြင်းကလည်း အိန္ဒိယဆန်တင်ပို့မှုကို ပိုမိုမြင့်မားစေအောင် အကူအညီပေးလျက်ရှိတယ်။   ပပ