ကင်ညာနိုင်ငံ စပါးအထွက်နှုန်း(၅)ဆတိုးရေးတရုတ်နိုင်ငံမှအကူအညီပေးရန်ကမ်းလှမ်း

တရုတ်နိုင်ငံက ကင်ညာနိုင်ငံရဲ့ ယခုနှစ်စပါးအထွက်နှုန်းကို (၅) ဆအထိ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အကူအညီပေးဖို့ကမ်းလှမ်းထားတယ်။ ကင်ညာ နိုင်ငံရဲ့ စပါးအထွက်နှုန်းတိုးတက်ပြီး ပြည်ပမှ ဆန်တင်သွင်းမှု အပေါ်မှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် အကူအညီပေးမှာဖြစ်ပြီး ယင်းကဲ့သို့ ကူညီနိုင်ဖို့အတွက် ကင်ညာနိုင်ငံမှာ ဆန်စပါးသုတေသနလုပ်ငန်းများဆိုင်ရာ အထောက်အကူပြုအဖွဲ့ ကိုတည်ဆောက်မှာဖြစ်ကြောင်းတရုတ်အမျိုးသားဆန်စပါးသုတေသနတက္ကသိုလ် မှ ပြောကြားတယ်။

ကင်ညာနိုင်ငံသမ္မတမှလည်း ကမ်းလှမ်းချက်ကို ကြိုဆိုပြီး စပါးအထွက်နှုန်း တိုးတက်လာခြင်းက ပြည်တွင်းမှာ  စားနပ်ရိက္ခာဈေးနှုန်းများ ကျဆင်းလာအောင် အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောကြားတယ်။ တရုတ်နိုင်ငံက မျိုးစပ်စပါးမျိုးစေ့ထုတ်လုပ်မှုမှာ ထိပ်သီးနိုင်ငံဖြစ်ပြီး စပါး စိုက်ပျိုးမှုမှာ လယ်ယာမြေ ဟက်တာ ၃၀ ဒသမ ၆ သန်းမှ စပါး တန်ချိန်ပေါင်း ၁၄၃ သန်းခန့်ကို ထုတ်လုပ်လျက်ရှိသဖြင့် တစ်ဟက်တာအထွက်နှုန်းက ၆ ဒသမ ၇ တန် ဝန်းကျင်အထိရှိတယ်။ လက်ရှိမှာ ကင်ညာနိုင်ငံက စိုက်ပျိုးမြေဟက်တာ ၃၂၀၀၀ မှ တန်ချိန် ၆၀၀၀၀ သာထွက်ရှိသဖြင့် တစ်ဟက်တာပျမ်းမျှ အထွက်နှုန်း က ၂ ဒသမ ၈ တန် ဝန်းကျင်သာဖြစ်တယ်။ တရုတ်နိုင်ငံ သုတေသနသိပ္ပံပညာရှင်များက အထွက်တိုးအမျိုးအစား မျိုးစပါးများကို ၎င်းင်းတို့တိုးတက် ရရှိထားကြောင်း၊ ၎င်းအမျိုးအစား မျိုးစပါးက တစ်ဟက်တာကို စပါး ၁၅ တန်အထိ ထုတ်လုပ်ရရှိနိုင်ကြောင်း ပြောကြားတယ်။ ကင်ညာနိုင်ငံက ပြည်တွင်းစားသုံးမှု လိုအပ်ချက်ဆန်တန်ချိန်စုစုပေါင်း ၄၈၀,၀၀၀ ကို ပြည့်မီအောင် နှစ်စဉ် ဆန်တန်ချိန် ၄၀၀ယ၀၀၀ ခန့် တင်သွင်းရ လျက်ရှိတယ်။                                              စန္ဒာပျို