ထိုင်းနိုင်ငံပြည်ပဆန်တင်ပို့မှု၌ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရ
ထိုင်းနိုင်ငံတွင် ဆန်မွှေးအများဆုံး တင်ပို့လျက်ရှိတဲ့ Siam Grains မှ အရောင်းမန်နေဂျာ Kittipan Lao-prapassorn က ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနိုင်ငံများရဲ့ ဆန် တင်ပို့မှုဈေးကွက်ကို ပိုမို ကျယ်ကျယ် ပြန့်ပြန့်တိုးတက်ရေးကြိုးပမ်းခြင်းဟာ ထိုင်းနိုင်ငံဆန်တင်ပို့ရာတွင် စိန်ခေါ်မှု တစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ ဆန်မွှေး ဈေး နှုန်းတစ်တန်လျှင် ၅၅၀-၆၀၀ ဒေါ်လာ ရှိသော်လည်း ထိုင်းနိုင်ငံ ထွက်ဆန်မှာ ဒေါ်လာ၁၁၅၀ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ဆန်ဈေးကွက်တွေဟာ ဗီယက်နမ်ဘက် အားသာသွားခြင်းဖြစ် ပြီး အမေရိကန်နိုင်ငံရဲ့ စူပါမားကက် တွေမှာဗီယက်နမ်ဆန်များကိုသာအရောင်း အဝယ်ပြုလုပ်ခြင်းဟာ သိသာတဲ့ ဥပမာ တစ်ခုပင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင် ၁၉၈၂ ခုနှစ်က တည်းက စတင်တည်ထောင်ခဲ့သော Siam Grains ကုမ္ပဏီဟာ ဆန် မွှေးများကို ပြည်ပဈေးကွက်တော်တော် များများကို ထိုးဖောက်နိုင်ခဲ့ပြီး ဆန်စက် (၂) စက်နှင့် ဂိုဒေါင် (၃) ခုဖြင့် လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါတယ်။ ယခင် နှစ်ဆန်တန်ချိန် ၈၇၀၀၀၊ ရောင်းရငွေ ဘတ် (၂) ဘီလီယံမှ ယခုနှစ်တွင် တန် ချိန် ၁ သိန်း၊ ရောင်းရငွေ ဘတ် (၃) ဘီလီယံ တိုးမြှင့်ရရှိကာ အမေရိကန်၊ ကနေဒါ၊ ဟောင်ကောင်နဲ့အာဖရိက နိုင်ငံများသို့ တင်ပို့နိုင်လိမ့်မယ်လို့ မျှော် မှန်းထားပါတယ်။ အထူးသဖြင့် အာဖ ရိကနိုင်ငံများဟာ ဆန်မွှေးများအတွက် အလားအလာ ကောင်းတဲ့ဈေးကွက်ဖြစ် တယ်လို့အဆိုပါကုမ္ပဏီမှ သုံးသပ်ခဲ့ပါ တယ်။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအနေနဲ့ ဆန်မွှေးတင်ပို့မှုအား ယခင်နှစ်တန်ချိန် ၁ ဒသမ ၃၇ သန်းမှ ယခုနှစ် တန်ချိန် ၁ ဒသမ ၅ သန်းတင်ပို့နိုင်ရေးမျှော်မှန်း လျက်ရှိပါတယ်။ ဆန် အမျိုးအစားများ အားလုံးတင်ပို့မှုအား တန်ချိန် ၆ ဒသမ ၅ သန်းတန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဒသမ ၆၅ ဘီလီယံ တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ် ဆန်ပြည်ပတင်ပို့မှု တန်ချိန် ၆ ဒသမ ၉၅ သန်း တင်ပို့နိုင်ခဲ့ သော်လည်း ၂၀၁၃ ခုနှစ်ထက် ၃၀ ရာခိုင်နှုန်း ကျဆင်းကာ ကမ္ဘာ့ဆန် တင်ပို့မှုအများဆုံးနိုင်ငံ နံပါတ်-၁ အဖြစ် မှ နံပါတ် - ၃ အဆင့်သို့ ကျဆင်းခဲ့ တယ် လို့ ဖော်ပြပါရှိပါတယ်။အေးသက်
