စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရဲ့ယခုနှစ်နွေစပါးအထွက်ယခင်နှစ်ထက်ပို

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ဟာ  ယခုနှစ်မှာနွေစပါးဧက ၃၅၀၀၀ ကျော်စိုက်ပျိုး ခဲ့ပြီး ယခုအခါ အားလုံး ရိတ်သိမ်းခြွေလှေ့ပြီး လို့ နွေဆန်များ ဈေးကွက်အသီးသီးသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ယခုနှစ်ရဲ့ နွေစပါးအထွက်ကို ရွှေဘိုခရိုင်ဦးစီးမှူးနဲ့အဖွဲ့ဟာ ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆ အုပ်စု၊ တောင်သူ ၃၆ ဦးတို့ စိုက်ပျိုးခဲ့တဲ့ ပုလဲသွယ်၊ ရွှေဝါထွန်း၊ ရွှေသွယ်ရင်၊ ၇၄၇၊ ရက် ၉၀ စတဲ့ စပါးမျိုးများရဲ့ အထွက်နှုန်းများကို မှတ်တမ်းတင်နိုင်ဖို့ သြဂုတ်လအတွင်းဆောင်ရွက်ခဲ့ရာ ပုလဲသွယ်စိုက်ပျိုးတဲ့ တောင်သူ ၁၁ ဦးရဲ့အထွက်ဟာအများဆုံး ၂၁၀၊ ၂၀၂၊ ၁၇၅တင်းထွက်ရှိပြီး ပျမ်းမျှ အထွက်မှာ ၁၇၀ တင်း၊ ရွှေဝါထွန်းစပါးစိုက်ပျိုးတဲ့ တောင်သူ ၁၄ ဦးရဲ့ အထွက် နှုန်းဟာ အများဆုံး ၁၃၀ တင်း၊ အနည်းဆုံး ၉၀ တင်း၊ ပျမ်းမျှ ၁၁၁ တင်း၊ ရွှေသွယ် ရင် စပါးစိုက်ပျိုးတဲ့တောင်သူ ၄ ဦး၊ ပျမ်းမျှအထွက် ၁၂၃ တင်း၊ ၇၄၇ စပါးစိုက်ပျိုးတဲ့ တောင်သူ ၇ ဦးရဲ့ ပျမ်းမျှအထွက် ၁၀၈ တင်း၊ ရက် ၉၀ စပါးက ပျမ်းမျှအထွက် ၁၃၀ တင်းထွက်ရှိကြောင်းသိလို့ ပျမ်းမျှအထွက်မှာ  ၁၂၈ တင်းရှိခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ်က နွေစပါး အထွက်နှုန်းမှာ တင်း ၉၀ ကျော်သာထွက်ရှိခဲ့တာကြောင့် ယခုနှစ်နွေစပါးစိုက်ဧကနည်းခဲ့ပေမဲ့ ယခင်နှစ်ထက် အထွက်ပိုခဲ့ကြောင်း နွေစိုက်တောင်သူတို့ထံမှသိရပါတယ်။  အောင်မင်း-တန့်ဆည်