နန်နင်းမြို့တွင် မြန်မာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး သတင်းအချက်အလက်စင်တာဖွင့့်ပွဲ့ကျင်းပ

၂၀၁၃ ခုနှစ် စက်တင်ဘာလ  ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ မြန်မာ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၌ မြန်မာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးသတင်းအချက်အလက်စင်တာ ဖွင့်ပွဲကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်၊ ကွမ်ရှီးကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Huang Huan Sheng နှင့် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယတာဝန်ခံဦးမောင်မောင်သန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မြန်မာကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး သတင်းအချက် အလက်စင်တာ (Myanmar Trade and Investment Promotion Information Centre)ဖွင့်ပွဲအခမ်း အနားသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ပုဂ္ဂိုလ်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့  မြန်မာ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှတာဝန် ရှိသူများ၊ မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် UMFCCI  မှ တာဝန် ရှိသူ များ၊နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ရုံးမှတာဝန်ရှိသူများ၊ တရုတ်နိုင်ငံစီး ပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှကုန်သွယ်ရေးဆိုင်ရာဒုတိယညွှန် ကြားရေးမှူးချုပ်နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ CAEXPO မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး၊ ကွမ်ရှီးတက္ကသိုလ်  International Exchange Dep-artment  မှ  ညွှန်ကြားရေးမှူးနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြား ရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြီးခဲ့ သည့် ဆယ်စုနှစ်အတွင်း မြန်မာ-တရုတ်ကုန်သွယ်ရေးမှာ သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ဆက်လက်တိုး တက်ရန် အလားအလာရှိကြောင်း၊ တရုတ်-အာဆီယံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နေသည့် ၁၀ နှစ် ပြည့်ယနေ့အခါသမယတွင် Trade and Investment Promotion Information Centre ကို ဖွင့်လှစ်ရခြင်း အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ကြောင်းပြောကြားပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် အညီ ကုန်သွယ်ရေးနှင့်စီးပွားရေး ပေါ်လစီများကို ဖြေလျှော့လျက်ရှိကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်များကို ဖိတ်ခေါ်လျက်ရှိကြောင်း၊ မြန်မာ့ကုန်သွယ်မှုကို မြှင့်တင် ရန်အတွက် တန်ဖိုးမြှင့်ကုန်ချောများ (Value-Added finished goods)ကို တိုးချဲ့တင်ပို့ရန်လိုကြောင်း၊ ထိုကဲ့သို့ တိုးချဲ့တင်ပို့ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာများလိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားပါသည်။ ယနေ့ဖွင့်လှစ်သည့် သတင်းအချက်အလက်စင်တာကို ကြွရောက်လာသည့် ဌာနဆိုင်ရာများနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များအတွက် အသုံးပြုစေလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ် ကြောင်း၊ ထို့အတူ ကုန်သွယ်မှုတွင် လည်း ၅ ဘီလီယံကျော်ဖြင့် အများဆုံး ကုန်သွယ်သည့် နိုင်ငံဖြစ်ကြောင်း၊ လက်ရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုတိုးတက်ရေး အတွက် ဤသတင်းအချက်အလက်စင်တာကများစွာ အထောက်အကူပြုနိုင်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောကြားပါသည်။ နံနက် ၁၀း၃၀ နာရီတွင် ဖွင့်ပွဲ အခမ်းအနားပြီးဆုံးခဲ့ပါသည်။