အာဖရိကမှ ဧည့်မထ ၂၅ မှတ် ဆန်များအဝယ်ရှိနေ

မြန်မာ့ဆန်စပါးတင်ပို့တဲ့ နိုင်ငံများ ထဲမှ အာဖရိကရှိ တိုဂို၊ မိုဇမ်ဘစ်နဲ့ ကင်မရွန် နိုင်ငံတို့ပါဝင်ကြောင်း သိရ ပါတယ်။ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ် အတွင်းမှာ ရွှေဝါရောင်ကုမ္ပဏီမှ အာဖရိကသို့မြန်မာ့ဆန်ဖြူဧည့်မထ ၂၅ မှတ် ဆန်တန်ချိန် ၁၅၂၅၀ ကို တင်ပို့ထားပြီးဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် Guinea သို့ ဧည့်မထမြန်မာ ၂၅ မှတ် တန်ချိန် ၂၁၀၀၀ ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခု စက်တင်ဘာလ တတိယပတ် ကာလ အတွင်းမှာ အာဖရိကရှိ ကင်မရွန်သို့ တန်ချိန် ၂၀၀၀ ဆက်လက်တင်ပို့နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လိုင်စင်လာရောက် လျှောက်ထားမှုရှိကြောင်း သတင်းရရှိပါ တယ်။ ဆက်လက်ပြီးအဆိုပါကုမ္ပဏီမှ ဥရောပနိုင်ငံများဖြစ်တဲ့ နယ်သာလန်သို့ ဆန်ကွဲ (ဘီ-1.2, ဘီ -2.3.4)၃၇၅ တန် နဲ့ ဘယ်ဂျီယံနိုင်ငံသို့ဆန်ကွဲ (အေ-1, အေ-1.2)  တန်ချိန် ၂၀၀ တင်ပို့နိုင်ခဲ့ ပြီး U. K နိုင်ငံသို့ ဆန်ကွဲ (ဘီ -2.3.4) တန်ချိန် ၅၀ ကိုလည်း တင်ပို့ခဲ့ပါတယ်။ ဇီယာ ၅ မှတ် ဆန်များကိုတော့ ရုရှား နိုင်ငံသို့ တန်ချိန် ၃၇၅ တန်၊  စင်္ကာပူ နိုင်ငံသို့ ၇၅ တန်နဲ့ အီရတ်နိုင်ငံသို့ ၂၇၆ တန်အသီးသီး တင်ပို့မှုရှိခဲ့တယ် လို့ သိရပါတယ်။ဆွေဆွေဝင်း DCCA (MIRT)