ရော်ဘာဈေးနှုန်းမြှင့်တင်ရန် တိုက်တွန်း

ထိုင်းနိုင်ငံသံရုံးသတင်း

အစိုးရအနေဖြင့် ရော်ဘာဈေးနှုန်း နိမ့်နေခြင်းနှင့်ပတ်သက်၍ ကာလတို အတွက် ဈေးနှုန်းထောက်ပံ့ပေးသည့် အစီအစဉ်ထက် ရေရှည်အတွက် အကျိုး  ရှိသော ဖြေရှင်းနည်းအဖြစ် ရော်ဘာပြု ပြင်ထုတ်လုပ်သည့်လုပ်ငန်းတိုးမြှင့်ရေး ကို ဆောင်ရွက်သင့်ကြောင်း ရော်ဘာ လုပ်ငန်းရှင်များက ပြောကြပါသည်။

 

ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနအနေဖြင့် ရော်ဘာဆိုင်ရာ အစိုးရ-ပုဂ္ဂလိကပူးတွဲ ကော်မတီဖွဲ့စည်းရန် အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ စက်မှုစံချိန်စံညွှန်းဌာန (Thai Industrial Standard Institute)  အား  UN Economic Commission for Europe ၏ သတ်မှတ်ချက်များနှင့် လိုက် လျောညီထွေရှိသော တာယာစံချိန်စံ ညွှန်းများ ပြဋ္ဌာန်းရန် တောင်းဆိုမည် ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်Mr. Witoon   က ပြောကြားပါသည်။
ထိုင်းနိုင်ငံရှိ တာယာထုတ်လုပ် သည့်ကုမ္ပဏီများသည် ၎င်းင်းတို့၏ ထုတ် ကုန်များကို ပြည်ပသို့ စမ်းသပ်စစ်ဆေး ရန်အတွက် အချိန် ၂/၃ လကြာ ကြောင်း၊ ပြည်တွင်း၌ တာယာစမ်းသပ် စစ်ဆေးနိုင်ပါက ၃၀-၄၅ ရက်သာကြာ နိုင်ကြောင်း၊ တာယာစမ်းသပ်စစ်ဆေး သည့် လုပ်ငန်းတစ်ခုမတည်ရန် ဘတ် ၁ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ပါက အာဆီ ယံတွင် ပထမဆုံးသော ဝန်ဆောင်မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။ တင်သွင်းလာသော တာယာများအတွက် စံချိန်စံညွှန်းသတ်မှတ်ပြဋ္ဌာန်းမည်ဆိုပါ က စိတ်ချရသော တာယာများသာ နိုင်ငံအတွင်းဝင်ရောက်လာနိုင်ကြောင်းOtani Tire Co မှ ပြောကြားခဲ့ပါသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ရော် ဘာပြုပြင်ထုတ်လုပ်သူများအတွက် အ တိုးနှုန်းသက်သာသောချေးငွေပေးနိုင်ရန် အစိုးရငွေစုဘဏ်များနှင့် အသေးစိတ် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။  ယခုနှစ်ပထမနှစ်ဝက်အတွင်းတွင် ရော် ဘာထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ရော်ဘာကုန်ကြမ်းတန်ချိန် ၅၂၇၀၀၀ သုံးစွဲခဲ့ကြောင်း (တာယာထုတ်လုပ်ရန် အတွက် တန်ချိန် ၃၆၃၀၀၀၊ ရော်ဘာ လက်အိတ်များထုတ်လုပ်ရန်အတွက် တန်ချိန် ၇၀၀၀၀၊  elastic thread များ ထုတ်လုပ်ရန်တန်ချိန် ၇၀၀၀၀ နှင့် အ ခြားပစ္စည်းများထုတ်လုပ်ရန်တန်ချိန် ၂၄၀၀၀) သိရှိရပါသည်။ ရော်ဘာထုတ် ကုန်များ ထုတ်လုပ်ရန်အတွက် ရော်ဘာ  ကုန်ကြမ်းသုံးစွဲမှုသည် လာမည့်နှစ်တွင် တန်ချိန် ၇၅၀၀၀၀ ဖြစ်နိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၁ သန်းထိဖြစ်နိုင် ကြောင်း ခန့်မှန်းကြပါသည်။ ထိုင်းနိုင်ငံ အနေဖြင့် နှစ်စဉ်ထုတ်လုပ်လျက်ရှိသော ရော်ဘာစိမ်းတန်ချိန် ၃ ဒသမ ၇ သန်း ၏ ၁၃ ရာခိုင်နှုန်းကိုသာ ရော်ဘာထုတ် ကုန်များ ပြုပြင်ထုတ်လုပ်ရာတွင် အသုံး ပြုကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘန်ကောက်မြို့