ဂျပန်ရဲ့ ဒုတိယအကြိမ်ဆန်တင်ဒါ မြန်မာဝင်ရောက်ယှဉ်ပြိုင်မည်
ဆန်တင်ဒါကိုဂျပန်စိုက်ပျိုးရေး၊ သစ်တောနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပြုလုပ်မှာဖြစ်ပြီး ယခုနှစ်အောက်တိုဘာ လအတွင်း ဂျပန်က ဆန်တင်ဒါခေါ်ယူ တော့မှာဖြစ်ကြောင်း မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီမှတာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရ ပါတယ်။ ယခုခေါ်ယူမဲ့တင်ဒါဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ် မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီ လက ဂျပန်ဆန်တင်ဒါ ပထမအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ မြန်မာ့ လယ် ယာ စီးပွားအများပိုင်ကုမ္ပဏီနဲ့ ဂျပန် နိုင်ငံ မစ်ဆူရီကုမ္ပဏီတို့ ပူးပေါင်းကာ လေလံအောင်ခဲ့ပြီး ဇွန်လအတွင်း ဂျပန် နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ တင်ပို့ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီးဆန်ဟာအမျိုးသားအဆင့် စာရင်းဝင်တစ်ခုဖြစ်ပါတယ်။ မြန်မာ့ တန်းမြင့်ဆန်များပိုမိုထုတ်လုပ်ပြီး မြန်မာ့ ဆန်အား ဂျပန်ဈေးကွက် အပါအဝင် နိုင်ငံခြားဈေးကွက်များသို့ပါ တင်ပို့ ရောင်းချနိုင်ရေး ကြိုးပမ်းသွားမယ်လို့ မြန်မာ့ဆန်စပါးအသင်းချုပ်ရဲ့ ရှေ့ လုပ် ငန်းစဉ်မှာဖော်ပြထားပြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒုတိယ အကြိမ် မြောက် ဆန်တင်ဒါပြိုင်ပွဲမှာ ဆန်တန် ချိန် ၆၀၀၀ တင်ပို့ခွင့်ရရှိရေး အတွက် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သွား မှာ ဖြစ်ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံ ဟာ အရည်အသွေးထိန်းချုပ်ရေးမှာ ထိပ်တန်းနိုင်ငံဖြစ်သောကြောင့် ဂျပန် ကိုဆန်တင်ပို့ခွင့်ရရှိခြင်းဟာ မြန်မာ့ ဆန်စပါးကဏ္ဍအတွက် အလားအလာ ကောင်းတစ်ခုဖြစ်ပါကြောင်း သတင်း ကောင်းပါးလိုက်ရပါတယ်။ဆွေဆွေဝင်း၊MIRT (DCCA)
