မြန်မာနှင့် ယှဉ်ပြိုင်၍ ဆန်တင်ပို့ရန် ကမ္ဘောဒီးယားအခက်ကြုံ

ကမ္ဘောဒီးယားနိုင်ငံက ၂၀၁၅ ခုနှစ်မှာ ဆန်တန်ချိန်ပေါင်း ၁ သန်း အထိတင်ပို့မယ်လို့ တိုးတက်လျာထား လိုက်ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆန်တင်ပို့သူများအနေနဲ့ အပြင်း အထန် ရုန်းကန်ကြိုးစားကြရတော့မှာ ဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပုံမှန် တင်ပို့နေကျဖြစ်တဲ့ ဆန်ဖြူအမျိုးအစား ကဈေးနှုန်းချိုသာတဲ့ဗီယက်နမ်နဲ့ မြန်မာ တို့ရဲ့ ဆန်ဖြူနဲ့ ဈေးနှုန်းမှာယှဉ်ပြိုင်နိုင် ဖွယ်မရှိသဖြင့် ကမ္ဘောဒီးယားအနေနဲ့ ဆန်မွှေး တင်ပို့မှုကဏ္ဍဘက်သို့ လှည့် ပြောင်းစူးစိုက်ပြီး ဆောင်ရွက်ကြ ဖို့လိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည် တွင်းသတင်းများမှာ ပါရှိတယ်။

၂၀၁၃ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံ ကလည်း ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအနေနဲ့ အီးယူ မှပေးတဲ့ဆန်တင်သွင်းခွန် ကင်းလွတ်ခွင့် ကို ရရှိချိန်မှစပြီး ကမ္ဘောဒီးယား နိုင်ငံ အတွက်မြန်မာနိုင်ငံက အင်အားပြင်း ထန်တဲ့ ပြိုင်ဘက်အဖြစ်သို့ ရောက်ရှိ လာခဲ့တယ်။ ဒါကြောင့် ကမ္ဘောဒီးယား နိုင်ငံက ၎င်းင်းရဲ့ ဆန်တင်ပို့မှုကို အရှိန် အဟုန် မြှင့်တင်ပြီး ဆောင်ရွက်လာခဲ့ တယ်။ ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ် ပထမ ၉ လအတွင်းမှာ ဆန်တန်ချိန် ပေါင်း ၂၆၆,၀၀၀ ထိ တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကာလတူက တန်ချိန်ပေါင်း ၁၂၉,၀၀၀ သာ တင်ပို့နိုင်ခဲ့ခြင်း ထက် ၂ဆ နီးပါးအထိ တိုးတက်တင်ပိ့ုလာခဲ့ ရသော်လည်း မြန်မာနိုင်ငံက နှစ်စဉ် ဆန်တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းကို တင်ပို့နေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံသည် ဆန်စပါး စိုက် ပျိုး ထုတ်လုပ်နေရာမှ ရန်ကုန်ဆိပ်ကမ်း သို့အရောက်သယ်ယူပို့ဆောင်ဖို့အတွက် အကွာအဝေးမှာ ၈၀၀ ကီလိုမီတာခန့် ဖြစ်ပြီး သယ်ယူစရိတ်က တစ်တန်ကို ၈ ဒေါ်လာခန့်ဖြစ်ကြောင်း၊ ကမ္ဘော ဒီးယားနိုင်ငံတွင်မူ စပါးစိုက်ပျိုးရာ ဒေသ မှာ ဖနွမ်းပင်သို့ သယ်ယူစရိတ် သည် တစ်တန်လျှင် ၁၅ ဒေါ်လာခန့် ကုန်ကျလျက်ရှိပြီး ဖနွမ်းပင်မှ ဆန်တင် ပို့ဖို့ Sihanoukville ဆိပ်ကမ်းသို့ အရောက် အကွာအဝေးမှာ ၂၃၀ ကီလို မီတာရှိရာ သယ်ယူစရိတ်မှာ တစ်တန် ကို ၂၈ ဒေါ်လာခန့် ကုန်ကျတယ်လိ့ု ကမ္ဘောဒီးယားနိုင်ငံ ဆန်ထုတ်လုပ် သူများနဲ့ တင်ပို့နေသူများအသင်း၏ တာဝန်ခံဖြစ်သည့်  MR. David Van  ကပြောကြားတယ်။ ဒါပေမယ့် Rotterdan ဆိပ်ကမ်း သို့ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှ ဆန် တင်ပို့ရင် တစ်တန်အတွက် ကုန်ကျ စရိတ်က ကန်ဒေါ်လာ ၅၂ ခန့်ဖြစ်ပြီး ၂၅ ရက်ကြာမြင့်ရင် ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ဆိပ်ကမ်းမှ တစ်တန် ကို ကုန်ကျစရိတ်က ကန်ဒေါ်လာ ၇၅ ခန့်ဖြစ်ပြီး ၃၅ ရက်ကြာမြင့်ကြောင်းနဲ့ လျှပ်စစ် စွမ်းအား သုံးစွဲစရိတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကို နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရဲ့ ကုန်ကျ စရိတ်က ကမ္ဘောဒီးယားနိုင်ငံကုန်ကျ စရိတ်၏ ၁၀ ပုံ ၁ ပုံခန့်သာရှိကြောင်း လည်း Mr.Van မှ ဆက်လက်ပြော ကြားတယ်။ ဒါကြောင့် ဆည်မြောင်းများတူး ဖော်ခြင်းမှာ ရင်းနှီးမြှုပ်နှံရန်၊ အကောင်း ဆုံး နည်းပညာများကို ရှာမှီးပြီး ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုရန်၊ ပုဂ္ဂလိက ကဏ္ဍတိုးမြှင့်ရန်၊ ဘဏ္ဍာငွေတိုးမြှင့် ချထားပေးရန်၊ ပို့ကုန်လုပ်ထုံးလုပ်နည်း များ စဉ်ဆက်မပြတ်ရွေ့လျား စီးဆင်း စေရန်နဲ့ နည်းလမ်းတကျမဟုတ်သော ကုန်ကျစရိတ်များကိုလျော့ကျစေဖို့တို့ကို ကာလတိုအတွင်း ဆောင်ရွက်သွားရန် ကို လည်းကောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း တိုး တက်အောင် အထူးသဖြင့် ထောက်ပံ့ ပို့ ဆောင်ရေးနဲ့ သယ်ယူရေးကဏ္ဍတို့မှာ တိုးတက်အောင် အထူးပြုလုပ်ကြရန်၊ လှေများနဲ့ သယ်ဆောင်စရိတ်က ထိုင်း နိုင်ငံမှာ တစ်တန်ကို ၄ ဒေါ်လာ ခန့် သာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက  ၁၄ ဒေါ်လာခန့်ဖြစ်ရာ အစိုးရမှချုပ်ကိုင် ကာ ဆောင်ရွက်နေခြင်းမှနေပြီး အပြိုင် အဆိုင် လုပ်ကိုင်ခွင့်များ ပေးခြင်းက သယ်ယူပို့ဆောင်ခနှုန်းထားများကို လျော့ကျစေနိုင်ပြီး အခြေခံအဆောက် အအုံများလည်း တိုးတက်လာနိုင် ကြောင်း Mr.Van မှ ထပ်လောင်း ပြော ကြားတယ်။ ယခုအခါ ထိုင်းနိုင်ငံမှ ဆန် ထုတ် လုပ်သူများစွာတို့က  မြန်မာနိုင်ငံမှာ ဆန်ထုတ်လုပ်ဖို့နဲ့ မြန်မာနိုင်ငံမှပင် ပြည်ပသို့ တင်ပို့သွားဖို့အတွက် သွား ရောက်ပြီး ရင်းနှီးမြှုပ်နှံနေကြပြီဖြစ် ကြောင်းလည်း Mr.Van မှပြောကြား တယ်။                နော်စန္ဒာပျို