ဓာတ်မြေသြဇာဈေးနှုန်းများ

မြေသြဇာတန်ချိန်နှစ်ထောင်ကျော်ဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ ခုနှစ်သိန်း ကိုးသောင်းကျော်တန်ဖိုးရှိ မြေသြဇာတန်ချိန် ၂၂၄၁ ဒသမ ၀၂၀ တန်ကို သီတင်း တစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အတွင်း မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၄၈၀ ၊ အာမိုမြေသြဇာ ၁၆၈ တန်၊ ဗီယက်နမ်နိုင်ငံမှ NPK မြေသြဇာတန်ချိန် ၅၀၀၊ ORGANIC  မြေသြဇာ ၁၀၅ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၃၆၁ တန်၊တရုတ် နိုင်ငံမှ မြေသြဇာ တန်ချိန် ၁၂၇ ဒသမ ၀၂၀ တန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ ကောမတ် မြေသြဇာ တန်ချိန် ၅၀၀ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ မြေသြဇာအများဆုံးဝင်လာတာတွေ့ရပါတယ်။

ယခင်သီတင်းပတ်ဘိလပ်မြေအဝင် က တန်ချိန် ခုနှစ်ရာကိုးဆယ်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်တန်ချိန်နဲ့ ယှဉ်ရင် တန် ချိန် တစ်ထောင့်လေးရာကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လမြေသြဇာအဝင်မှာ တန်ချိန် တစ် သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာအဝင်မှာ တန်ချိန် ခြောက်ထောင် ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် လေးထောင်ခြောက်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။            MIRT (DOT)
 
ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေဆဲဓာတ်မြေသြဇာ
ပြည်တွင်းကစက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်းရေ လမ်းမှ မြေသြဇာတန်ချိန် နှစ်ထောင့် နှစ်ရာလေးဆယ်ကျော်ဝင်ခဲ့တယ်လို့သိရပါ တယ်။ ယခင်တစ်ပတ်မှာ မြေသြဇာအဝင်ကတန်ချိန် ခုနှစ်ရာ့ကိုးဆယ်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်တစ်ထောင့်လေးရာလေးဆယ်ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ယခုတစ်ပတ် နယ်စပ်လမ်းမှ မြေသြဇာအဝင်က တန်ချိန် တစ်သောင်း ခြောက်ထောင်ကိုးရာ ကျော်ရှိခဲ့ပြီး  ယခင်တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် နှစ်သောင်းတစ်ထောင်ခုနှစ်ရာကျော် ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ရှစ်ဆယ်ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ် မှာရေလမ်းမှမြေသြဇာအဝင်ပိုခဲ့ပြီးနယ်စပ်လမ်းမှအဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မန္တလေး ၊ တောင်ကြီး၊ မကွေးမှာ ဒီတစ်ပတ်မှာ တောင်ကြီးမှာဈေးငြိမ်နေပေမဲ့ မော်လမြိုင်၊ မန္တလေး၊ မကွေးမှာ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မြေသြဇာ အရောင်း အဝယ်ကမကွေးမှာအရောင်းအေးပေမဲ့မန္တလေး၊ပဲခူး၊တောင်ကြီး ၊မော်လမြိုင်ဘက် မှာတော့ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာအဝယ်လိုက်လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ အရောင်းအဝယ်အေးပေမဲ့ ဒီတစ်ပတ်မှာ အဝယ် လိုက်လာတယ်။ ဒါပေမဲ့ဈေးကမပြောင်းဘူးလို့သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးနှုန်းတွေမှာယခင်ဈေးအတိုင်းပုလဲ-အသေး၄၆ ရာခိုင်နှုန်း (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း)၁၅း၁၅း၁၅ (ထိုင်း) ၃၄၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း  ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၁၅၀၀ကျပ် ၊ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာမြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်တယ် လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ မြေသြဇာဈေးကမပြောင်းဘဲ ရှိနေ တယ်။ဈေးကွက်ထဲတီစူပါကတော့အဝယ်လိုက်တယ်။ဒါပေမဲ့သူလည်း ဈေးငြိမ် တယ်လို့သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီး ယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)၁၉၅၀၀ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)၁၉၅၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း (တရုတ်) ၉၅၀၀ ကျပ်၊တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်)၁၀၃၀၀ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ၁၀း၁၀း၅(တရုတ်)၁၅၀၀၀ကျပ်၊ဓာတ်ဆား(တရုတ်) ၁၃၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၆၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ်ဆက်ပြီးပါးနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ် ပါးတာကြောင့် ဒီတစ်ပတ်မှာမြေသြဇာကဈေးနည်းနည်း ကျလာတယ်လို့သိရပါတယ်။ဈေးကျတာ ကလည်း နှစ်ရာမှ ငါးရာကျပ်ဝန်းကျင် သာ ဈေးကျတယ်လို့ သိရပါတယ်။ ဈေးမြင့်တာကမြားကမ္ဘာမြေသြဇာတစ်မျိုး ပဲရှိပြီးနှစ်ရာကျပ်ဝန်းကျင်သာ ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ် နေတဲ့ဈေးမှာ မြား ကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၄၇၀၀ ကျပ်၊မြားကမ္ဘာ-တရုတ် ၁၂း၁၃(အစိမ်း) ၁၄၇၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၄၅၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၅၀၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၄၅၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၂၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)၁၉၀၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) ၂၈၅၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၉၀၀ ကျပ်၊ ပိုတက် ၂၅၈၀၀ ကျပ်၊ တောင်သူမ ၁၄၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။      MIRT (DOT)