ဟင်္သာတမြို့နယ်အတွင်းကောက်စောစပါးများ ရိတ်သိမ်းပြီး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း၊ ဟင်္သာ မြို့နယ်ရှိ ကျေးရွာအချို့မှာ ကောက်စောစပါးများ ရိတ်သိမ်းနေပြီ ဖြစ်ပါတယ်။ ဟင်္သာမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ တောင်သူ ဦးဌေးအောင်ဟာ မနော်ဘေးကြား စပါး ၃ ဒသမ ၅ ဧက စိုက်ပျိုးခဲ့ပြီး၊ ၁ ဒသမ ၅ ဧကအား ရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းမှာ တစ်ဧကကို တင်း ၈၀ ခန့်ထွက်ရှိပြီး၊ ထွက်ရှိလာတဲ့စပါးများအား အစိုဓါတ်ရှိနေသေး၍ တင်း ၁၀၀ ကို ၂၉၀၀၀၀ ကျပ်ဈေးနဲ့ ရောင်းချ ပြီး ဖြစ်ပါတယ်။ အလားတူ ၎င်းင်းကျေးရွာနေ တောင်သူ ဒေါ်ခင်သန်းဦး ဟာ ရတနာတိုးစပါး ၇ ဧကစိုက်ပျိုးခဲ့ပြီး၊ ၂ ဧက ရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းမှာ တစ်ဧကကို တင်း ၈၀ ခန့်ထွက်ရှိပြီး၊ ထွက်ရှိ လာတဲ့စပါးများမှာ အစိုဓါတ်ရှိ နေသေး၍ တင်း ၁၀၀ ကို ၃၀၀၀၀၀ ကျပ်ဈေးနဲ့ ရောင်းချခဲ့ကြောင်း သိရပါတယ်။ ရိတ်သိမ်းဖို့ ကျန်ရှိနေ သေးတဲ့ စိုက်ဧကများကိုလည်း ရာသီဥတုပေါ်မူတည်ပြီး ရိတ်သိမ်း သွားမှာဖြစ်ကြောင်း သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ