တစ်ပတ်အတွင် း ဓာတ်မြေသြဇာ ဈေးနှုန်းများ (28-10-2013)
နိုင်ငံစုံမှ မြေသြဇာများဝင် သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်နေ့တာကာလအ တွင်း ကန်ဒေါ်လာ တစ်ဆယ်သိန်းလေးသောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၃၄၁၈ ဒသမ ၃၈၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်ဂျပန်နိုင်ငံမှ မြေသြဇာ ၅၃ ဒသမ ၂၈၃ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၉၇၆ ဒသမ ၁၀ တန်၊ အိန္ဒိယနိုင်ငံမှ မြေသြဇာ ၄ တန်၊ ကိုရီးယားနိုင်ငံ မှ မြေသြဇာ ၃ တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ ၂၀၆၇ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၃၁၅ ကို တင်သွင်းလာခဲ့ပါတယ်။ ဝင်လာတဲ့မြေသြဇာများမှာ အာမို၊ သြဂဲနစ်၊ ယူရီးယား၊ FOLIAR စတဲ့မြေသြဇာများ ဖြစ်ပါတယ်။
ယခင်သီတင်းပတ်ဝင်လာခဲ့တဲ့ မြေသြဇာများမှာ တန်ချိန် တစ်ထောင့်ငါးရာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် တစ်ထောင့်ရှစ်ရာ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဈေးကွက်အချို့မှာ ဒီတစ်ပတ် အဝယ်လိုက်နေတဲ့ ဓာတ်မြေသြဇာ
အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၁၉ ရက်အတွင်း ပြည်တွင်း ကို ရေလမ်းမှ မြေသြဇာ တန်ချိန် သုံးထောင့် လေးရာတစ်ဆယ်ကျော် ဝင်ခဲ့တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ မြေသြဇာအဝင်က တန်ချိန် တစ်ထောင့်ငါးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင့်ရှစ်ရာရှစ်ဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နယ်စပ်လမ်းမှ မြေသြဇာအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းလေးထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင့်တစ်ရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာအဝင် ပိုခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မကွေး၊ မန္တလေးမှာ ဈေးငြိမ် ပြီး တောင်ကြီးမှာမြေသြဇာဈေးမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာ အရောင်းအဝယ်ကမန္တလေး၊မကွေးမှာ အရောင်းအေးပေမဲ့ မော်လမြိုင်၊ ပဲခူး၊ တောင်ကြီးဘက်မှာတော့ အရောင်းပုံမှန်ရှိတယ်လို့ိ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာလည်း မြေသြဇာအဝယ် လိုက်လာ တယ်လို့ သိရပါတယ်။ မိုးကလည်းပါးလာ တောင်သူတွေက မြေသြဇာအသုံးရှိလာ တာကြောင့် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်လာတယ်။ ဒါပေမဲ့ ဈေးကငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်း တွေမှာ ယခင်ဈေးအတိုင်း ပုလဲ-အသေး ၄၆% (ရွှေတုံး၊ ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၄၅၀၀ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့ မြေသြဇာဈေးက ဒီတစ်ပတ်မှာ တချို့မြေသြဇာတွေဈေးကျသလို တချို့မြေသြဇာက ဈေးအနည်းငယ် ကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅၀၀ကျပ်၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၅၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၆၅၀၀ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၅၅၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်လေးရှိပေမဲ့ ယူရီးယားမြေသြဇာ နဲ့ တီစူပါမြေသြဇာဈေးက ကျလာ တယ်လို့ သိရပါတယ်။ ယူရီးယားမြေ သြဇာက နှစ်ထောင်ကျပ်နဲ့ တီစူပါမြေ သြဇာကလေးရာကျပ် ဈေးကျလာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)၁၉၅၀၀ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၁၈၆၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ-တရုတ်) ၃၂၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ် လို့ သိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပါး တယ်လို့ ဆိုပါတယ်။ ဆောင်းသီးနှံ စိုက် ပျိုးချိန်လည်း မရောက်သေးတာ ကြောင့်အရောင်းအဝယ်အေးနေတယ်။ ဒါကြောင့်လည်းဒီတစ်ပတ်မှာမြေသြဇာ ဈေးက ငြိမ်နေတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၈၀၀ ကျပ်၊ တီစူပါ (GTSP-၁၆%-တရုတ်)၈၃၀၀ ကျပ်၊ ကွန်ပေါင်း(၁၀း၁၀း၅) ၁၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂လမ်း ၂၈-၂၉ ကြား ပွဲရုံတန်းမှ စုံစမ်းသိရှိရ ပါတယ်။MIRT (DOT)
