ဗီယက်နမ်နိုင်ငံမှ ၁၀ လတာ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရရှိနေပြီဖြစ်
၂၀၁၃ ခုနှစ် ပထမ ၁၀ လတာ ကာလမှာဆန်တန်ချိန်၅ ဒသမ ၇ သန်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅ဘီလီယံဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ဗီယက် နမ် စားနပ်ရိက္ခာအသင်း (VFA) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ အောက်တိုဘာလမှာ ဆန် ၅၃၇၀၀၀ တန်ကျော် တင်ပို့နိုင်ပြီး စက်တင်ဘာလ တင်ပို့မှုထက် ၁၀၅၀၀ တန်ခန့် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဆန်တစ်တန်ကို ၂ ဒေါ်လာ ဝန်းကျင် ကျဆင်းခဲ့တဲ့ အတွက် ၄၃၅ ဒသမ ၃၇ ဒေါ်လာဈေးပေါက်နေပါ တယ်။ အာဖရိကဟာ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့ရန် အလားအလာရှိတဲ့ ဈေး ကွက်အဖြစ် ပေါ်ထွန်းနေပြီ ဖြစ်ပါ တယ်။ ၂၀၁၃ ပထမနှစ် ၉ လကာလ မှာ အာဖရိကနိုင်ငံသည် တန်ဖိုး ကန် ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံတန်ဖိုးရှိ ဆန်တန် ၄ ဒသမ ၇၉ သန်းကျော်ကို အာဖရိကနိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်ပြီးဥရောပ၊အမေရိက၊သြစတြေးလျ၊ အာရှ၊ အာဖရိကစတဲ့တိုက်များထဲမှာ အများဆုံး တင်သွင်းတဲ့ နိုင်ငံပင် ဖြစ်ပါ တယ်။ အာဖရိကနိုင်ငံများပြီးလျှင် အာရှ၊ အရှေ့အလယ်ပိုင်း၊ အမေရိကားနဲ့ ဥရောပ သမဂ္ဂတို့သည် ဗီယက်နမ်မှ ဆန် အများဆုံးတင်သွင်းနေသော နိုင်ငံ များ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆန်တင်ပို့ရန် မျှော်မှန်းထားသည်ထက် ဗီယက်နမ် နိုင်ငံမှ ဆန်တင်ပို့မှုဟာ လျော့နည်းခဲ့တယ်။ မျှော်မှန်းထားသည် မှာ တန် ၇ ဒသမ ၅ သန်းဖြစ်ပြီး အမှန် တင်ပို့နိုင်မှုမှာ ၇ တန်မှ ၇ ဒသမ ၂ သန်းသာရှိတဲ့အတွက် ဈေးကွက်သစ် များ တိုးချဲ့ရရှိရေး ကြိုးပမ်းလျက် ရှိ နေပါတယ်။ လတ်တလောမှာ ဗီယက်နမ် စီးပွားရေး လုပ်ငန်းများ မိရိုးဖလာ ဈေးကွက်သို့ ဆန်တင်ပို့ရာမှာ အခက် အခဲများနဲ့ ရင်ဆိုင်နေကြရပြီး အာဖရိက နဲ့ မက္ကဆီကို ဈေးကွက်များအား အရေး ကြီးတဲ့ ဈေးကွက်သစ်များအဖြစ် ထည့် သွင်း စဉ်းစားလုပ်ဆောင်နေကြ ရတယ် လို့ VOV online သတင်းမှာဖော်ပြ ထားပါတယ်။CMK
