ဈေးကွက်တစ်ခုတည်းကိုသာ အားမကိုးသင့်တဲ့ မြန်မာ့ဆန်ဈေးကွက်

မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါး တန်း)ရဲ့လက်ကားဆန်ဈေးမှာပေါ်ဆန်း ဆန်ဟောင်းဈေးတည်ငြိမ်နေပြီး ပေါ် ကျွဲ ဆန်ဟောင်းဈေးမှာ လတ်စတစ် အိတ်လျှင် ၂၂၀၀၀ ကျပ်ဖြစ်လို့ ယခင် အပတ်ထက် ၁၅၀၀ ကျပ်၊ ပေါ်ကျွဲ ထိပ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၁၀၀၀ ကျပ်အသီး သီး ဈေးတက်ခဲ့ကြောင်း၊

ဧည့်မထ လတ်စ တစ်အိတ် ၁၅၂၀၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၃၀၀ ကျပ်၊ ဧည့် မထ ထိပ်စ တစ်အိတ် ၁၉၀၀၀ ကျပ်ဖြစ် လို့ယခင်အပတ်ထက်၂၀၀ ကျပ် အသီး သီးဈေးပြန်ကျခဲ့ကြောင်း တွေ့ရှိရပြီး၊ ဒီလိုဈေးပြန်ကျလာရတာ ဆန်ဟောင်း ရဲ့ အရည်အသွေးညံ့လာလို့ ဈေးပြန်ကျ ရတာ မဟုတ်ဘဲ ဧည့်မထဆန်သစ်ဈေး ဆက်ကျနေပြီး ဆန်ဟောင်းဈေးက အရမ်းမြင့်နေလို့ အသစ်နဲ့ အဟောင်း ဈေးကွာခြားချက်ကြီးမားလာကာ ဆန် ဟောင်းဈေးကို ဆန်သစ်ဈေးက ပြန် ဆွဲချတဲ့သဘော တွေ့ရကြောင်း၊ ယခု အပတ်ရဲ့ မိုးဆန်ရှယ်သစ်ဈေးနှုန်းမှာ  တစ်အိတ်လျှင် အရည်အသွေးကို လိုက် ၍ ၁၃၈၀၀ ကျပ်-၁၅၀၀၀ ကျပ် ဖြစ် တာကြောင့်ယခင်အပတ်ထက်တစ်အိတ် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်းဈေး ဆက်ကျလာတာ တွေ့ရပါတယ်။ ဈေးကွက်ထဲသို့ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဟောင်းများဝင်ရောက်မှုမရှိတော့ဘဲ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်သစ်များ သာ အဝင်ရှိပြီး တစ်အိတ် (၁၁၀ ဒသမ ၀၅ ပေါင်) လျှင် ၁၃၈၀၀ ကျပ်ဖြစ်လို့  ယခင်အပတ်ထက်တစ်အိတ်လျှင် ၅၀၀ ကျပ်ခန့်ဈေးကျလာကြောင်း၊EMATA 25 % FOB (Yangon) 330/335 USD/ MT ခန့်ဖြင့် ဈေးခေါ်ရောင်း သော်လည်း မရောင်းရဘဲ ရန်ကုန် FOB ဆန်တင်ပို့မှု ငြိမ်နေကြောင်း၊ တရုတ်-မူဆယ်လိုင်းမှာလည်း တရုတ် ဘက်က နယ်စပ်မှာ ဈေးချဝယ်နေလို့ မကိုက်ကြကြောင်း၊ သို့သော် ပြည်တွင်း ရှိ ဆန်များ၏ လက်ရှိတစ်ခုတည်းသော ဆန်ထွက်ပေါက်မှာ တရုတ်လိုင်း တစ်ခု တည်းသာရှိ၍မကိုက်သော်လည်း ဆက် တိုက်ထွက်ပေါ်လာနေသည့် နောက် စပါး၊ နောက်ဆန်များကို အဆက် မပြတ် လက်ခံ ဝယ်ယူရောင်းချနိုင်ရန် ပြည်တွင်းဆန်သစ်ဈေးကို ဈေးချဝယ်ပြီး ဈေး မကိုက်လှသော်လည်း မူဆယ်-တရုတ်လိုင်းသို့ တင်ပို့နေရခြင်း ဖြစ် ကြောင်း၊ ဝါးတန်းဒိုင်သို့ ဆန်အဝင်မှာ ကောင်းနေပြီး နေ့စဉ် ဆန်အဝင်နဲ့ အရောင်းအဝယ်မျှကာ အရောင်း အဝယ်ဈေးမပြတ်၍ ပစ္စည်းကျန်နေတာ မျိုးမရှိကြောင်း၊ဈေးကွက်အတွင်း ထုတ် ရောင်းပေးလျက်ရှိသော အရန်ဆန် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်များကို လည်း သိုလှောင်ရုံနေရာ အထိုင်ကို လိုက် ရန် တစ်အိတ်ကို ၁၅၀၀၀ ကျပ်-၁၅၂၀၀ ကျပ်တို့ဖြင့် ယခင်ဈေးနှုန်း အတိုင်း လိုသလောက် ဆက်လက် ရောင်းချ ပေးလျက်ရှိရာ ဆန်ဟောင်း ဖြစ်၍ ယခင်ထက် အဝယ်လိုက်ပါ ကြောင်း၊ ရှေ့အလားအလာအနေဖြင့် ကထိန်ရာသီ၏ နောက်ဆုံးရက်များဖြစ် ၍ နယ်နှင့် ကုန်စည်ဒိုင်တို့တွင် ကထိန်ပွဲ များ ရှိနေတာကြောင့် ပိတ်ရက်များ ရှိ ကာ ဆန်အဝင်နှင့် အရောင်းအဝယ် ဈေးနှုန်းများမှာလာမယ့်အပတ်အတွင်း အနည်းငယ် ငြိမ်နိုင်ပါတယ်ဟု ကုန် စည်ဒိုင်နှင့် ဆန်ဈေးကွက်မှ သိရှိရ ကြောင်းပါ။ သန်းအေး-ဆန်စပါး