နယ်စပ်စခန်းများမှ ဆန်တန်ချိန် ၂၇၀၀ ကျော်တင်ပို့မှု ပိုမိုလာ
နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင် ဘာလ ၃ ရက်တာကာလအတွင်း နယ် စပ်စခန်းများဖြစ်ကြသော မူဆယ်၊ ချင်း ရွှေဟော်၊ တာချီလိတ်၊ စစ်တွေနဲ့မောင် တော စခန်းများမှ စုစုပေါင်းဆန်တန် ချိန် ၂၀၅၂၂ တန်ကျော်၊ တန်ဖိုးအား ဖြင့် ၇ ဒသမ ၉၉၁ ဒေါ်လာသန်းဖိုး တင်ပို့နိုင်တာကို တွေ့ရပြီး၊ ယခင် တစ်ပတ်နဲ့နှိုင်းယှဉ်ပါက တန် ၃၀၀၀ နီးပါး ပိုမိုတင်ပို့နိုင်ကြောင်းလည်း သိရ ပါတယ်။ အခုလိုပိုမိုလာတာကတော့ ပြီးခဲ့တဲ့အပတ်ထက် ချင်းရွှေဟော်မှ ၆၂ တန်ကျော်နဲ့ တာချီလိတ်စခန်းမှ ၂၄၁ တန်ကျော်တင်ပို့မှုပိုမိုခဲ့သလို အချိန် အတန်ကြာ တင်ပို့မှုရပ်ဆိုင်းနေခဲ့တဲ့ မောင်တောစခန်းမှလည်း တစ်ဖက် နိုင်ငံကနေကုန်အမှာစာ ပိုရှိလာတာ ကြောင့် ယခုတစ်ပတ်အတွင်းမှာ ဧည့် မထဆန် တန် ၂၀၀၀ ကျော်တင်ပို့ခဲ့ တာ ဖြစ်ပါတယ်။ မူဆယ်စခန်းအနေနဲ့ ကတော့ ဒီအပတ်မှာ တန်ချိန် ၂၀၀၀ ကျော်ပိုမိုတင်ပို့နိုင်တာကိုတွေ့ရပြီး မူဆယ်နယ်စပ်ကို ဆန်အဝင်များနေ ကြောင်း၊ စပါးလှိုင်လှိုင်ပေါ်တဲ့ရာသီ ဖြစ်တဲ့အတွက် ဆန်အသစ်များအဝင် များနေခြင်းဖြစ်တဲ့အပြင် ပင်လယ် ရေကြောင်းမှတစ်ဆင့် တင်ပို့မှုကလည်း ပြောပလောက်အောင် တင်ပို့နိုင်ခြင်း မရှိသေးတာကြောင့် ဆန်ကုန်သည် အများစုဟာ ရောင်းစရာဆန် (ဧည့် မထ၊ ငစိန်) သစ်များကို မူဆယ်နယ်စပ် ဘက်သို့အများဆုံး တင်ပို့နေတာ ဖြစ် ကြောင်း နယ်စပ် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရသတင်းရရှိပါတယ်။ဆွေဆွေဝင်း MIRT (DCCA)
