ဓာတ်မြေသြဇာ ဈေးနှုန်းများ (16-12-2013)
နိုင်ငံစုံမှ မြေသြဇာတန်ချိန် တစ်သောင်းကျော်ဝင် သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ပြည်တွင်းကို ကန်ဒေါ်လာ သုံးဆယ်လေးသိန်းကျော်တန်ဖိုးရှိ မြေသြဇာ ၁၀၈၀၃ ဒသမ ၂၅၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၃၇၂၉ ဒသမ ၄၂၈ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာတန်ချိန် ၁၅၆၆ တန် ၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၇၁၀ တန် ၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၃၃၆၆ တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ ၈၀၄ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၃၇၅ ဒသမ ၈၂၅ တန်နဲ့ UK မှ ၂၅၂ တန် အသီး သီးတင်သွင်းလာခဲ့ပါတယ်။
ဒီတစ်ပတ်မှာ ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြ ဇာ၊ NPK မြေသြဇာ၊ ကယ်လ်ဆီယမ်ဆာလဖိတ်နဲ့ သြဂဲနစ်အစရှိတဲ့ မြေသြဇာအ မျိုးအစားများကို တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မြေသြဇာ အဝင်မှာ တန်ချိန် ခြောက်ထောင့်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဒီတစ်ပတ်မှာ ရာသီအေးလာပေမဲ့ အရောင်းအဝယ်က ပုံမှန်ရှိနေတဲ့ ဓာတ်မြေသြဇာ
ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၇ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာတန်ချိန်တစ်သောင်းရှစ်ရာကျော်ဝင်ခဲ့တယ်လို့သိရပါတယ်။ယခင်တစ်ပတ် မှာ မြေသြဇာအဝင်က တန်ချိန်ခြောက်ထောင့် ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်တစ်ရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်ကတန်ချိန် တစ်သောင်းလေးထောင် ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်မြေသြဇာအဝင်မှာတန်ချိန်တစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ငါးရာကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာအဝင်ပိုခဲ့သလို နယ်စပ်လမ်းမှလည်း အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့မော်လမြိုင်၊မကွေး၊ ရန်ကုန်၊ တောင်ကြီးမှာ တော့ ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်က မော်လမြိုင်မှာအရောင်းနည်းနည်းတက်ပေမယ့် ပဲခူး၊ တောင်ကြီး၊မန္တလေး၊မကွေးဘက်မှာ အရောင်းအေးတယ်လို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ်သွက်လာ တယ်လို့သိရပါတယ်။ ဆောင်းသီးနှံလည်း စတင်စိုက်ပျိုးလာတာကြောင့် အရောင်း အဝယ်သွက်လာတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်က ယခင်တစ်ပတ်ထက်ပိုပြီး သွက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာ မြေသြဇာဈေးကဆက်ပြီး ငြိမ်နေသေးတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ယခင်ဈေးအတိုင်း ပုလဲ-အသေး ၄၆ရာခိုင်နှုန်း(ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၅၀၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်)၂၀၅၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) ၁၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန် ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ မြေသြဇာဈေးများကတော့ ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်သီးစုံမြေသြဇာက ရောင်းအားရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၂၀၀ကျပ်၊တီစူပါ ၁၂ရာခိုင်နှုန်း(တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း(တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၂၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၂၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ ပတ်လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ်ပါးတယ်လို့သိရပါတယ်။အရောင်း အဝယ်ပါးတာကြောင့်လည်း မြေသြဇာ ဈေးကနည်းနည်းကျလာတယ်လို့ ဆိုပါတယ်။ တီစူပါမြေသြဇာနဲ့ ကွန်ပေါင်း မြေသြဇာက ပြောင်းလဲမှု မရှိပေမဲ့ ယူရီးယားမြေသြဇာကဈေးအနည်းငယ် ကျလာတယ်လို့သိရပါတယ်။ ဒီတစ် ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာယူရီးယား(ရွှေတောင်-တရုတ်) ၁၈၄၀၀ကျပ်၊ယူရီးယား (ပန်းဖူး-တရုတ်) ၁၉၁၀၀ ကျပ်၊ တီစူပါ(GTSP ၄၆ ရာခိုင်နှုန်း-တရုတ်) ၁၇၅၀၀ ကျပ် ၊ တီစူပါ (GSSP ၁၂ရာခိုင်နှုန်း-တရုတ်) ၇၆၀၀ ကျပ်၊ ကွန်ပေါင်း(၁၀း၁၀း၅) ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဒီတစ် ပတ်မှာ အရောင်းအဝယ်ပုံမှန် ရှိတယ် လို့ ဆိုပါတယ်။ ယခင်သီတင်းပတ် များ မှာ အရောင်းအဝယ်အေးနေတာ ဒီတစ် ပတ်မှာ အရောင်းအဝယ်ပုံမှန်လေးဖြစ် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ယူရီးယား(နေရွက်လှေ-တရုတ်) ၁၉၅၀၀ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ- ယိုး ဒယား) ၃၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။MIRT (DOT)
