လူကြိုက်များတဲ့ ရွှေဘိုပေါ်ဆန်း ဆန်သစ် ဈေးကွက်ထဲ ဝင်လာပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ရဲ့ ဆန်ဈေး၊ စပါးဈေးမှာ ဧည့်မထ (အသွယ်စ) စပါးဈေးတစ်တင်း ၄၆၀၀ ကျပ်၊ဆန်လတ်စတစ်အိတ် ၁၈၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းစပါးဈေးတစ်တင်း၉၂၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၃၀၅၀၀ ကျပ် ဖြစ်ပါတယ်။ ယခင်အပတ်အတိုင်း အတက်၊ အကျမရှိ ငြိမ်နေတာကို တွေ့ ရပါတယ်။ ရွှေဘိုပေါ် ဆန်းစပါးမှာ စစ် ပိုးကျနေလို့ စပါးအထွက်နှုန်း လျော့ မယ်လို့ သိရပါတယ်။ ဒီဇင်ဘာလတွင်း ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ချိန်ခါမဟုတ် မိုးသီးများကြွေးပြီး မိုးရွာခဲ့တာကြောင့် ကုန်သည်များက စပါးဈေး၊ ဆန်ဈေး မချဘဲကိုင်ထားတဲ့အတွက်ကြောင့် ဈေး နှုန်းမကျဖြစ်နေပါတယ်။ ဆန်ဟောင်း များကတော့ ပုံမှန် ရောင်းဝယ်မှုရှိပါ တယ်။ စပါးသစ်များကို ၂၅ ရာခိုင်နှုန်း လောက်သာ ရိတ်သိမ်းဆဲ၊ ေ>ခလှေ့ဆဲ၊ အခြောက်လှန်းနေတာကြောင့် မကြိတ် ဖြစ်သေးလို့ ဈေးကွက်ထဲ မရောက်သေး ဘဲ ပျောက်တိပျောက်ကြားလောက်သာ ရောက်နေပြီး ယခုဒီဇင်ဘာလကုန်ပတ် မှာတော့ ဈေးကွက်ထဲ ဝင်လာပြီး၊ ဧည့် မထ အသွယ်စ စပါးသစ်ဈေးတစ်တင်း ၄၂၀၀ ကျပ်၊ ၄၃၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် အသစ်ဈေး ၁၇၀၀၀ ကျပ်၊ ၁၇၅၀၀ ကျပ်ဖြစ်ပြီး၊ ရွှေဘိုပေါ်ဆန်း စပါး အသစ်ဈေး တစ်တင်း ၆၈၀၀ ကျပ်၊ ၇၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စ တစ်အိတ် အသစ်ဈေး ၂၅၀၀၀ ကျပ်၊ ၂၆၀၀၀ ကျပ်ဖြစ်ပါတယ်။ လ ကုန်ပြီးရင်တော့ ဈေးကွက်ထဲကို လှိုင် လှိုင် ဝင်ရောက်လာတော့မှာ ဖြစ် ကြောင်း ရွှေဘိုဈေးကွက်မှ သိရပါ တယ်။ ရွှေဘိုမှစပါးကို အဓိက ဝယ်ယူတဲ့ မြို့နယ်များမှာ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းနယ်များ ဖြစ်ကြ ပါတယ်။ ရွှေဘိုမှ ရွှေဘိုပေါ်ဆန်းဆန် ကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)၊ ကယားပြည် နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်များအထိ ရောင်းချမှု ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သည် ထမင်းချက်ပြုတ်ရာတွင် ဧရာဝတီတိုင်း မှပေါ်ဆန်းဆန်များထက်အရည်အသွေး ကောင်းမွန်တယ်လို့ သိရပါတယ်။CSM -   MIRT