ဗီယက်နမ်ကအပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာဆန်အမှတ်တံဆိပ် တိုးမြှင့်ဖို့ရည်ရွယ်
ဗီယက်နမ်နိုင်ငံက ကုန်အမှတ်တံ ဆိပ်ထူထောင်ဖို့ဆောင်ရွက်သွားမှာဖြစ် တဲ့အပြင် ဗီယက်နမ်ဆန်ထွက်ပစ္စည်း တွေကို ကုန်သွယ်မှုတိုးမြှင့်ဖို့အတွက် အလေးပေးလုပ်ဆောင်သွားမှာဖြစ် ကြောင်း ကျွမ်းကျင်သူတွေရဲ့ပြောကြား ချက်ကို ဗီယက်နမ်သတင်းအေဂျင်စီရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။ ဗီယက်နမ်အစားအစာအသင်းရဲ့ (VFA) ရဲ့အဆိုအရ မကြာမီရောက်ရှိ တော့မဲ့ အနာဂတ်ကာလမှာ ဗီယက်နမ် ပို့ကုန်ဆန်က စိန်ခေါ်မှုအများအပြားနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ကြောင်း ထို စိန်ခေါ်မှုများတွင် ဆန်သိုလှောင်လက် ကျန်မြင့်မားမှု၊ ဆန်ပို့ကုန်တန်ဖိုးကျဆင်း မှုနဲ့ ထိုင်းနိုင်ငံကဲ့သို့သော ကမ္ဘာ့ဆန်ပို့ ကုန်လုပ်ငန်းကြီးများရဲ့ ယှဉ်ပြိုင်မှုနဲ့ အ ကြီးအကျယ်ရင်ဆိုင်ရတဲ့ဖိအားစတဲ့ စိန် ခေါ်မှုတွေပါဝင်တယ်လို့ ဆိုပါတယ်။
ဆန်ရောင်းဝယ်မှုကဏ္ဍမှာ လော လောဆယ်ကြုံတွေ့နေရတဲ့ အရေးကြီး ဆုံးပြဿနာက ပြည်ပတင်ပို့တဲ့ဆန် ထွက်ကုန်တွေရဲ့ အရည်အသွေးထိန်း သိမ်းဖို့နဲ့ အထူးသဖြင့်တရုတ်နိုင်ငံကဲ့သို့ ဗီယက်နမ်ဈေးကွက်ထဲက ထွက်ခွာသွား တဲ့ပို့ကုန်ဈေးကွက်တွေကို ပြန်လည်ပစ် မှတ်ထားဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အကြောင်းရင်းကတော့ တရုတ်နိုင်ငံက လာမဲ့နှစ်တွေမှာ ဗီယက်နမ်ဆန်တင်ပို့ မှုအတွက် ဈေးကွက်ကြီးတစ်ခုဖြစ်လာ နိုင်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း UFA ဥက္ကဋ္ဌ ထရောင်သန်းဖောင်က ပြောပါတယ်။ ဈေးကွက်သစ်တွေဖွင့်လှစ်ဖို့အ တွက် ကုန်သွယ်မှုကိုမြှင့်တင်ရာမှာ ရှိ ရင်းစွဲဈေးကွက်တွေနဲ့ ကျန်ရှိနေတဲ့ဈေး ကွက်တွေပါပူးတွဲဆောင်ရွက်သွားသင့် တယ်လို့ ဖောင်ကပြောပါတယ်။ ရည် မှန်းချက်ပြည့်မြောက်အောင်မြင်ဖု့ိအ တွက် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်တို့က သူတို့ရဲ့နံမည်ကောင်းကို ထိန်းသိမ်းရမှာ ဖြစ်သလို ဆန်ပို့ကုန်အရည်အသွေး ကောင်းမွန်မှုကို ထိန်းသိမ်းတာအပါအ ဝင်သူတို့ရဲ့ပို့ကုန်တွေကို စာချုပ်ချုပ်ဆို ဆောင်ရွက်ဖို့နဲ့ ဈေးနှုန်းအတက်အကျ မတည်ငြိမ်တဲ့တိုင်အောင် ပို့ကုန်တွေကို အချိန်မီတင်ပို့ဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အခက်အခဲ အချို့ရှိနေတဲ့အတွက် ဗီယက်နမ်နိုင် ငံက လာမဲ့နှစ်မှာ ဆန်တန် ၇ ဒသမ ၅ သန်းတင်ပို့ဖို့ရည်မှန်းထားရာကနေ ၆ ဒသမ ၆ သန်းကနေ ၆ ဒသမ ၇ သန်း ထိတင်ပို့ဖို့ခန့်မှန်းထားပါသည်။ဉာဏ်တင်
