၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့သော ဆန်တန်ချိန်သည် ထင်သလိုဖြစ်မလာခဲ့
ထိုင်းနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားသို့ တင်ပို့မည့် ဆန်တန်ချိန် ပေါင်း၈ မှ ၈ ဒသမ ၅ သန်းတန်ချိန်ထိ တင်ပို့ရောင်းချမည်ဟူ၍ရည်ရွယ်ထား ရှိခဲ့သည်။ ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီ လမှစ၍ဒီဇင်ဘာလထိထိုင်းနိုင်ငံသည် နိုင်ငံခြားသို့တင်ပို့နိုင်ခဲ့သောဆန်တန်ချိန် သည်၆ ဒသမ ၄ သန်းမျှသာ ရှိခဲ့သည်။
ထိုသို့ ဆန်တန်ချိန်သည် ၆ ဒသမ ၄ သန်းမျှသာ တင်ပို့နိုင်ခြင်းသည် ထိုင်း နိုင်ငံမှတင်ပို့သော ဆန်ဈေးနှုန်း သည် ၎င်းနှင့်ယှဉ်ပြိုင်သော အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထွက်ရှိသော ဆန် ဈေးနှုန်းထက် မြင့်ခြင်းကြောင့် လည်း ကောင်း၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံ တို့မှထွက်ရှိသော ဆန်အရည်အသွေး သည် ထိုင်းဆန်ကဲ့သို့ အရည်အသွေး ခြင်းတူပြီး ဈေးနှုန်းသည် ထိုင်းဆန်ဈေး နှုန်းထက်လျော့နည်းရောင်းချနေသည် ကို တွေ့ရှိရကြောင်း ၊ ထို့အပြင်ထိုင်း နိုင်ငံမှထွက်ရှိသော စပါးများကို အစိုးရ အနေနှင့် (၁) တန်လျှင် ဘတ် ၁၅၀၀၀ ထိမြှင့်တင်ပေးဝယ်၍ ၎င်းဈေးနှုန်းသည် နိုင်ငံခြား ဈေးကွက်နှင့် တွက်ဆလျှင် အရှုံးပြနိုင်သော ဈေးနှုန်းဖြစ်သော ကြောင့် ဝန်ကြီးချုပ် ယင်လပ် အစိုးရ အဖွဲ့သည် လွန်ခဲ့သည့် နှစ်နှင့် ၂၀၁၃ ခုနှစ် နိုင်ငံခြားသို့တင်ပို့သော ဆန် ဈေး ကွက်အရှုံးပြခြင်းသည်ဘတ်သန်းပေါင်း ၂ သန်း၃သောင်းရှိခဲ့သည်ဟုသိရသည်။ ယခုထိုင်းနိုင်ငံမှတင်ပို့သော ဆန် တန်ချိန် ၆ ဒသမ ၄ သန်းတန်ချိန်ကို ရောင်းချရာ အမေရိကန် ဒေါ်လာ ၄၂၀၈ သန်းရရှိခဲ့သည်။ ပျမ်းမျှဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၇ ဒေါ်လာနှုန်း ရရှိခဲ့သည်။ ၎င်းင်းဈေးနှုန်း သည် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်ပို့သော ဆန်ဈေးနှုန်းထက် မြင့် နေခြင်းကြောင့် နိုင်ငံခြားဆန်ဈေးကွက် တွင် ထိုင်းနိုင်ငံမှထွက်ရှိသော ဆန် အစား အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့မှ ထွက်ရှိသော ဆန်ကိုသာ ဈေးနှုန်းချို သာစွာဖြင့် နိုင်ငံခြားဈေးကွက်တွင် ထိုး ဖောက်နေရာယူနေသည်ကို တွေ့ရှိရ ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတကာ စီး ပွားရေး ရောင်းဝယ်ရေးအဖွဲ့မှ ညွှန် ကြားရေးမှူးချုပ် နိုင်စူရတ် စက်ရိန်း ခနိုင်းမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ထိုင်းနိုင်ငံ စံတော်ချိန် ၁၂၀၀ နာရီ TV Thai P.B.S ရုပ်သံလွှင့်ဌာနမှ သတင်းထုတ်လွှင့်ထားပါသည်။ ကသရ (တာချီလိတ်)
