ထိုင်းနိုင်ငံရေး အကျပ်အတည်းအပေါ် ထင်တစ်လုံးနဲ့ မြန်မာ့ဆန်ဈေးကွက်
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးမှာ ဖေ ဖော်ဝါရီ ၇ ရက်နေ့ဈေးနှုန်းအရ ပေါ် ဆန်းဖျာပုံလတ်စတစ်အိတ်ကို ၂၃၅၀၀ ကျပ်၊ထိပ်စတစ်အိတ် ၂၅၀၀၀ ကျပ်ဖြစ် ခဲ့လို့ယခင်အပတ်ထက် ၅၀၀ ကျပ်၊ ဧည့် မထလတ်စတစ်အိတ်ကို ၁၆၅၀၀ ကျပ်၊ ထိပ်စ တစ်အိတ် ၁၇၅၀၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၅၀၀ ကျပ်၊ ငစိန် လတ်စ တစ်အိတ် ၁၄၉၀၀ ကျပ်ဖြစ်ခဲ့ လို့ ယခင်အပတ်ထက် ၉၀၀ ကျပ်၊ ငစိန် ထိပ်စ တစ်အိတ် ၁၅၉၀၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၁၄၀၀ ကျပ် အသီး သီးဈေးတက်ခဲ့တာ တွေ့ရပါတယ်။
ဝါး တန်းဒိုင်သို့ ဆန်အဝင်မှာ ကောင်းသော် လည်း အဝယ် အနည်းငယ်အေးနေ တယ်လို့ သိရပါတယ်။ ယနေ့ရန်ကုန် ဈေးကွက်အတွင်း ဧည့်မထ ၂၅ ရာခိုင် နှုန်း ပြည်ပ ဆန်တစ်အိတ် (၁၁၀ ဒသမ ၂၅ ပေါင်) ကို ၁၄၈၀၀ ကျပ်ခန့် ဈေး နှုန်း ဖြစ်ပေါ်နေပြီး ယခင်ရက်များက တစ်အိတ်ကို ၁၅၀၀၀ ကျပ်ထိ ဈေး ခေါ်ရောင်းဝယ်မှုရှိခဲ့ကြောင်း၊ ဧည့်မထ ၂၅ မှတ် FOB ရန်ကုန်ဈေးကို 315-318 USD/ MTခန့်သာဈေးပေး ဝယ်ယူမှုရှိပြီး ပြည်တွင်းဆန်ဈေးနှုန်းများ အရ 325 USD/ MT ခန့်ရလျှင်တောင် ဈေးမကိုက်ပါကြောင်း ဆန် Exporter အချို့ထံမှ ကြားသိရပြီး ယခင်ရောင်း ထားတဲ့ ဆန်ကိုသာ သင်္ဘောတင်ပေး နေပြီး တန်းမြင့်ဆန်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ပါတယ်။ တရုတ် လိုင်း မူဆယ်မှာ ဇန်နဝါရီလ ၂၅ ရက် နေ့ ဈေးနှုန်းများအရ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ် ၅၀ ကီလို ကို ၁၁၇-၁၁၉ ယွမ်၊ ငစိန် ၂၅ မှတ် ဆန်တစ် အိတ် ၅၀ ကီလိုကို ၁၁၇-၁၁၉ ယွမ်ရှိ ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ထိ မူဆယ်ဒိုင် ဆန်ဈေးနှုန်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါ တယ်။ ဇန်နဝါရီလ ၂၄ ရက်မှ ဖေဖော် ဝါရီလ ၂ ရက်နေ့ထိ တရုတ်နှစ်သစ်ကူး အတွက် မူဆယ်ဒိုင် ပိတ်ထားပြီး ဖေ ဖော်ဝါရီလ ၃ ရက်နေ့မှာ ပြန်ဖွင့်သော် လည်းယနေ့ထိ အရောင်းအဝယ် မလုပ် သေးကြောင်း၊ ပြည်မကြီးဘက်မှ လာ သော တရုတ် ကုန်သည်များပါ ရောက် လာမှ အရောင်းအဝယ်များ ပြန်စနိုင်ပါ ကြောင်း၊ ယခုအပတ်အတွင်း မူဆယ်သို့ ဆန်အဝင်မှာ တန်ချိန် ၁၀၄၀၀ ခန့်ရှိပြီး တရုတ်ကုန်သည်များ နယ်စပ်သို့ ပြန် မရောက်သေးသဖြင့် အရောင်းအဝယ် မဖြစ်သေးပါကြောင်းနှင့် မူဆယ်နယ်စပ် ငွေလဲနှုန်း ယနေ့ဈေး တစ်ယွမ်ကို ၁၆၂ ဒသမ ၆၀ ကျပ်ရှိကြောင်း နယ်စပ် ဈေး ကွက်မှ သိရှိရပါတယ်။ မြန်မာ့ဆန်ရဲ့ ပြည်တွင်းဈေးကွက် ရှေ့အလားအလာမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ဇန်နဝါရီလကုန်ထိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ကိုးသိန်းလေးသောင်း ကျော်တင်ပို့ထားပြီးဖြစ်ကာယခုနောက် ပိုင်း ပြည်တွင်းစားသုံးသူ ဈေးကွက်နှင့် ပြည်ပသို့ တင်ပို့မှုများတွင် တန်းမြင့် ဆန်စားသုံးတင်ပို့မှုပိုလာခြင်းများကြောင့် တန်းမြင့် ရှယ်စကဲ့သို့ ဆန်လိုအပ်ချက် ပိုများလာသော်လည်း တန်းမြင့်ဆန်မို့ စက်ကျနည်းကာ ဈေးကွက်လိုအပ်ချက် ပြည့်ရန်အချိန်ပိုပေးပြီးကြိတ်နေရကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး တွင်ဈေးကောင်းရသောရွှေဘိုပေါ်ဆန်း စပါးကို ဆန်ကြမ်းစပါးစိုက်သော နေရာ များတွင်ပါ တိုးချဲ့စိုက်ပျိုးခဲ့ပြီး ယခုနှစ်မှာ အကြောင်း အမျိုးမျိုးကြောင့် စပါး အထွက်လျော့ကာ ဆန်ကြမ်းလိုအပ် ချက်ပါ များလာကြောင်း၊ အချို့သော မကွေးတိုင်း ဒေသကြီး စပါးစိုက်လေ့ရှိ သောနယ်များပါ ဆန်ကြမ်း ပြန်ဝယ်မှုရှိ လာ ပါတယ်။ ယခုတလောဈေးကွက် တွင် ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရေး အကျပ်အတည်း အရှုပ်အရှင်းကြောင့် ထိုင်းနိုင်ငံထံမှ တရုတ်က ဝယ်ယူမည့် ဆန်တန်ချိန် တစ်သန်းကျော်မှာ စာချုပ် ဖျက်သိမ်းလိုက်သဖြင့် မြန်မာ့ဆန်ဘက် ဦးလှည့်ဝယ်လာနိုင်သည်ဟူသော တွေး ထင်ချက်ကလည်းရှိနေသဖြင့် မြန်မာ့ ပြည်တွင်းဆန်ကြမ်းမှာ ဈေးအမြင့်တွင် သာ ထင်တစ်လုံးနဲ့ ဆက်ရှိနေဦးမည်ဟု ဆန်ဈေးကွက်အရ သတင်းများအား သုံးသပ် တင်ပြလိုက်ရပါတယ်။သန်းအေး - ဆန်စပါး
