တစ်ပတ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်းများ (14-2-2014)
ဇန်နဝါရီလအတွင်း မြေသြဇာအဝင်လျော့ ဇန်နဝါရီလနောက်ဆုံးသီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိမြေသြဇာ ၂၈၄ ဒသမ ၆၀ တန်ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံမှာ ယူရီးယားမြေသြဇာ တန်ချိန် ၂၄၀ ၊ တရုတ်နိုင်ငံမှမြေသြဇာ ၁၆ ဒသမ၅၀တန်နဲ့စင်ကာပူနိုင်ငံမှ ကွန် ပေါင်းမြေသြဇာ၂၈ဒသမ၁၀တန်တင်သွင်းခဲ့ပါတယ်။ယခင်သီတင်းပတ်မှာမြေသြဇာ တန်ချိန်ငါးထောင်သုံးရာကျော်ဝင်ခဲ့တာကြောင့်ဒီတစ်ပတ်မှာမြေသြဇာအဝင်တော်တော် လေးလျော့နည်းခဲ့ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီအတွင်းမြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး ယခင်လမြေသြဇာအဝင်မှာ တန်ချိန် နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီလမှာမြေသြဇာတန်ချိန် တစ်သောင်းနှစ်ထောင် ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလအတွင်း မလေးရှား၊ စင်ကာ ပူ၊ ဆွစ်ဇာလန်၊ ထိုင်း၊ တရုတ်၊ ရုရှား၊ ဒိန်းမတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့နိုင်ငံ များမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့မြေသြဇာအမျိုးအစားများမှာ ယူရီး ယား၊ ကွန်ပေါင်း၊ ပိုတက်၊ သြဂဲနစ်၊ အမိုးနီးယားဆာလဖိတ်အစရှိတဲ့ မြေသြဇာများ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယခင်တစ်ပတ်ထက် ဈေးုကွက်အဝင်နည်းပြီး အရောင်းအဝယ်အေးနေခဲ့
၂၀၁၄ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန်နှစ်ရာကျော်သာဝင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်ကတန်ချိန်တစ်သောင်းရှစ်ထောင့်သုံးရာ ကျော်ရှိခဲ့ပြီးဒီတစ်ပတ်မှာ တန်ချိန် ခြောက်ထောင်ရှစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာအဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်လျောခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင် ၊ ရန်ကုန်၊ မန္တလေး ၊မကွေး မှာဈေးငြိမ်ပြီး တောင်ကြီးမှာ တချို့မြေသြဇာတွေဈေးအနည်းငယ်ကျပြီး အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။မော်လမြိုင်၊ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မကွေးမှာ အရောင်း ပုံမှန်ရှိတယ်လို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်း အဝယ်အေး တယ်လို့သိရပါတယ်။အရောင်းအဝယ်အေးသလို ဈေးကလည်းပြောင်းလဲမှု မရှိအေး နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ယခင်ဈေးအတိုင်း ပုလဲ-အသေး၄၆ရာခိုင်နှုန်း(ရွှေတုံး၊ရွှေပျား၊ ရွှေတောင်-တရုတ်)၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၀၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ဒီတစ်ပတ်မှာ ယူရီးယား (ကမ္ဘာလုံး၊ရွှေတောင်)(တရုတ်)ကဈေးအနည်းငယ်ကျလာပြီး ပန်းဖူးကငါးရာဝန်း ကျင်ဈေးမြင့်လာပါတယ်။ တီစူပါ ၁၂ရာခိုင်နှုန်း၊ ၁၆ရာခိုင်နှုန်းကနှစ်ရာကျပ်၊ တီစူပါ ၁၅ ပတ်လည်နဲ့ ဓာတ်ဆားက ငါးရာကျပ်ဈေးကျလာပြီး ကျန်မြေသြဇာများက ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)၁၉၅၀၀ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်) ၉၂၀၀ ကျပ်၊ တီစူပါ(၁၅း၁၅း၁၅-တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၂၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၂၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၅၀၀ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့ မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ်ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ မြေသြဇာဈေး က ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ် တဲ့ဈေးမှာ မြားကမ္ဘာ-တရုတ်၁၂း၁၃ (အပြာ)၁၄၀၀၀ ကျပ်၊မြားကမ္ဘာ-တရုတ်၁၂း၁၃ (အစိမ်း)၁၃၈၀၀ကျပ်၊ယူရီးယား(ပန်းဖူး- တရုတ်) ၂၀၇၀၀ ကျပ်၊ တီစူပါ (မြားနီ -တရုတ်)၁၉၀၀၀ကျပ်၊မြားကမ္ဘာတရုတ် ၁၂း၁၃(အစိမ်း) ၁၃၅၀၀ ကျပ်၊ ဆင် (၁၀း၁၀း၅)၁၃၉၀၀ကျပ်၊ အာမို (၁၀း၁၀း၅) ၁၄၉၀၀ ကျပ်၊ အာမို ၁၅ ပတ်လည် ၃၄၅၀၀ ကျပ်၊အာမို (၁၆း ၁၆း၈) ၃၂၅၀၀ကျပ်၊အောင်ကမ္ဘာ (၁၀း ၁၀း၅)၁၆၀၀၀ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ် လို့သိရပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ဈေးကွက်ထဲ တီစူပါ ၁၆ရာခိုင်နှုန်း၊၁၂ရာခိုင်နှုန်းနဲ့ ကွန်ပေါင်း (၁၀း၁၀း၅)မြေသြဇာများကဈေးငြိမ်နေ ပေမဲ့ယူရီးယားမြေသြဇာကဈေးအနည်း ငယ်ကျလာတယ်လို့သိရပါတယ်။ပစ္စည်း ပြတ်နေတဲ့ယူရီးယား-ပန်းဖူး (တရုတ်) ကဈေးကွက်ထဲ ပြန်ဝင်လာ ပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာယူရီးယား-ပုလဲ(ပန်း ဖူး) ၁၉၃၀၀ ကျပ်၊တီစူပါ(GTSP--၄၆ရာခိုင်နှုန်း-တရုတ်) ၁၇၆၀၀ကျပ်၊ ၈၂၀၀ ကျပ်၊ တီစူပါ(GSSP-၁၂ ရာ ခိုင်နှုန်း-တရုတ်)၇၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ MIRT (DOT)
