၂၀၁၄ ဆန်တင်သွင်းမှု မူဝါဒကို တောင်ကိုရီးယားက ဖြေလျော့

တောင်ကိုရီးယားနိုင်ငံက အနှစ် ၂၀ ကြာကျင့်သုံးခဲ့တဲ့ ဆန်တင်သွင်းမှု ခွဲတမ်းစနစ်ကိုရပ်ဆိုင်းပြီး ၂၀၁၄ ခုနှစ် မှာ ဆန်တင်သွင်းတဲ့မူဝါဒကို ဖြေလျော့ ပေးမှာဖြစ်ကြောင်း တောင်ကိုရီးယား လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ပြော တယ်လို့   Oryza ဝက်ဘ်ဆိုက်သတင်း မှာဖော်ပြထားပါတယ်။ လောလော ဆယ်မှာ တောင်ကိုရီးယားနိုင်ငံက သူ့ နိုင်ငံဆန်စားသုံးမှု စုစုပေါင်းရဲ့ ၇ ဒသမ ၉၆ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဆန်ပမာဏ ကို ပြည်ပကတင်သွင်းနေပါတယ်။ လက်ရှိတင်သွင်းမှုခွဲတမ်းနဲ့ ပတ်သက်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) သဘောတူညီချက်က ယခုနှစ်ကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ တောင်ကိုရီးယား ကနှစ်စဉ်ဆန်စားသုံးမှုရဲ့ ၄ ရာခိုင်နှုန်း ကို ပြည်ပကတင်သွင်းဖို့ တောင်ကိုရီး ယားက ဒဗလျူတီအိုမှာ သဘောတူညီ ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို ၂၀၁၄ ခုနှစ်မှာ နောက်ထပ် ၁၀ နှစ်တိုး ချဲ့ခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတစ်နှစ်စာ ဆန်စားသုံးမှုရဲ့ ၇ ဒသမ ၉၆ ရာခိုင်နှုန်း ကိုပြည်ပကတင်ပို့ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒဗလျူတီအိုက သူ့ရဲ့ဈေး ကွက်ဖွင့်ပေးမှာကို နောက်ထပ်ရွှေ့ဆိုင်း ထားတော့မှာ မဟုတ်ဘူးလို့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။ ဒါ ပေမဲ့ဈေးကွက်ကို ဖွင့်ပေးဖို့ နှောင့်နှေး နေရင်လည်း တောင်ကိုရီးယားအတွက် အကျိုးမရှိနိုင်ပါဘူး။ အစိုးရကဈေးကွက်ဖွင့် ပေးဖို့စဉ်း စားရင် သွင်းကုန်ခွန်ကို တင်သွင်းဈေး ရဲ့ ၃၀၀ ရာခိုင်နှုန်းကနေ ၅၀၀ ရာခိုင် နှုန်းအထိ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ အစိုးရအခွန်နှုန်းကို ပိုမိုမြင့်ချင်တဲ့ ဆန္ဒရှိ ပါတယ်။ဒါပေမဲ့အကောက်ခွန်နှုန်းထား နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဒဗလျူ တီအိုကအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဆန်စပါးတင်သွင်းခွန်နဲ့ ပတ်သက် တဲ့အစိုးရရဲ့ မူဝါဒကို ၂၀၁၄ ခုနှစ်ဇွန် မှာ ကြေညာမှာဖြစ်ပါတယ်။ လူနေမှု ဘဝပုံစံ ပြောင်းလဲမှု ကြောင့် တောင်ကိုရီးယားမှာ ဆန်စား သုံးမှုက ကျဆင်းနေပါတယ်။ ဆန် တောင်သူတွေရဲ့ အကျိုးစီးပွားကို ထိန်း သိမ်းဖို့အတွက် ဆန်စိုက်ဧရိယာ လျှော့ ချဖို့အစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ တောင်ကိုရီးယားရဲ့ တစ်နှစ် တာဆန်စားသုံးမှုက ၂၀၁၃ -၂၀၁၄ ခု နှစ်မှာ တန် ၄ ဒသမ ၅ သန်းရှိပြီး ၂၀၁၂ - ၁၃ ခုနှစ်က ရှိခဲ့တဲ့တန် ၄ ဒသမ ၆ သန်းအောက် ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ဉာဏ်တင်