အဖွဲ့ ၃၀ ကျော် ထိုင်းနိုင်ငံရဲ့ ဆန်လေလံပွဲသို့ ဈေးပြိုင်တင်သွင်း

ဆန်ဈေးသိသိသာသာ ကျဆင်း နေခြင်းနဲ့ အစိုးရရဲ့ ပြောင်းလဲနေတဲ့ အခြေအနေများကြောင့် ထိုင်းနိုင်ငံရဲ့ ဆန်လေလံဆွဲရန် ဈေးပြိုင်တင်သွင်းတဲ့ အဖွဲ့ ၃၄ ဖွဲ့ရှိနေပြီ ဖြစ်ပါတယ်။ ထိုင်း အစိုးရဟာ မတ်လ တတိယပတ်မှာ ၎င်းတို့သိုလှောင်ထားတဲ့ ဆန်တန်ချိန် ၅ သိန်းကို လေလံတင် ရောင်းချမှု ပြု လုပ် ခဲ့ပါတယ်။ ဆန်ရောင်းချငွေရရှိမှ သာ ထိုင်းလယ်သမားများအား ငွေပြန် လည်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆန်ကုန်သည် များကလည်း ၅ မှတ်ဆန်ဖြူနဲ့ ဆန် သား ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ဟုန်မာလီ ဆန် မွှေး၊ ဆန်ကွဲစသဖြင့် ဆန်တန်ချိန် ၅၁၇၀၀၀ ဝယ်ယူရန် အဆိုပြုထားကြပါ တယ်။ ယခုအကြိမ် ပြုလုပ်တဲ့ လေလံ ဟာ ယခုနှစ် အတွက် တတိယအကြိမ် မြောက်လေလံဖြစ်ပါတယ်။ ယင်လပ် ရှင်နာဝပ်အစိုးရအဖွဲ့ စတင်လေလံတင် စဉ်ကထက် ယခုအကြိမ်မှာ လေလံဆွဲ လိုသူဦးရေဟာ အများဆုံးဖြစ်ပါတယ်။ ကုန်သည် အသစ်များလည်း လက်ကြီး သမားများနဲ့ပူးပေါင်းပြီး ဈေးပြိုင် ပေး ဝယ်ယူသွားကြမှာ ဖြစ်ပါတယ်။ ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ Manat Kitprasert  ကတော့ ဆန်ဈေးကျဆင်းနေမှုနဲ့ ဆက်လက်ပြီး အကျဘက်သို့ ဦးတည်နေခြင်းတို့ ကြောင့် ယခုကဲ့သို့လေလံဆွဲသူများပြား ရခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောကြား ပါတယ်။ သက်သာတဲ့ဆန်ဈေးကြောင့် အစိုးရရဲ့ သိုလှောင်ထားတဲ့ ဆန်များ အပေါ် နှစ်သက်သူ ပိုများကြတာဖြစ် တယ်လို့ Manat Kitprasert က ဖြည့် စွက်ပြောကြားခဲ့ပါတယ်။ အစိုဓာတ် ၁၅ ရာခိုင်နှုန်း ရှိနေတဲ့ စပါးတစ်တန်ကို ဘတ် ၇၅၀၀- ၇၈၀၀ (ဒေါ်လာ ၂၃၀-၂၄၀)ဈေးခေါ် နေပြီး ၅ မှတ်ဆန် တစ်တန်ကို ဘတ် ၁၂၅၀၀ (ဒေါ်လာ ၃၈၆)ဝန်းကျင်နဲ့ အရောင်း အဝယ်ဖြစ်နေပါတယ်။ ကမ္ဘာ့ဆန်ဈေး မှာတော့ ၅ မှတ်ဆန်ဖြူ ၁ တန်ကို ကန် ဒေါ်လာ၄၄၀၊(၁၄၂၄၅ ဘတ်)၊ ၂၀၁၁ ခုနှစ် စပါးအပေါင်ခံတဲ့စနစ်စတင် ကျင့် သုံးစဉ်က အစိုးရအနေနဲ့အထွေထွေ လေလံပွဲ (၁၄) ကြိမ်ကျင်းပခဲ့ရပါတယ်။ အစိုးရအနေနဲ့ဆန်တန်ချိန် ၃ ၊ ၄ သန်းမှ ၁၃ သန်းထိရောင်းချနိုင်ခဲ့ပြီး ၁၇၃ ဘီလီယံဘတ်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီအစဉ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဆန်လေလံတင်စဉ်ကရရှိခဲ့တဲ့ ဘတ် ဘီလီယံ ၈၇၀ ကိုတော့ မမီနိုင်ခဲ့ပါဘူး။ နိုင်ငံခြားကုန်သွယ်ရေးဌာနမှ ညွှန် ကြားရေးမှူးချုပ် Surasak Riang Krul  က အစိုးရအနေနဲ့ သိုလှောင် ထားတဲ့ ဆန်များ ရောင်းချခွင့်ရရှိရေး အတွက် ဆက်လက်လုပ်ဆောင်နေ ကြောင်း၊ ထပ်မံ၍ ဆန်တန်ချိန် ၂ သိန်း ကို ရောင်းချသွားမှာ ဖြစ်ကြောင်း ပြော ကြားပါတယ်။ ဆန်တန်ချိန် ၂ သိန်းကို ထိုင်း Agricultural Futures Exchange of Thailand AFET  ရောင်း ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တို ဘာလကစပြီး အစိုးရအနေနဲ့ ဆန်တန် ချိန် ၂၇၈၉၆၂ အား Agricultural Futures Exchange of Thailand AFET  က တစ်ဆင့်ရောင်းချပြီဖြစ်ပါ တယ်။                တိမ်ကင်းစင်