ဧည့်မိုးစပါးများ အရောင်းသွက်ပြီး တောင်ပျံမွှေးဈေးငြိမ်
ပြည်ဈေးကွက်မှာဧည့်မထမိုးစပါး များဖြစ်တဲ့ ဆင်းသွယ်လတ်၊ အင်းမရဲ ဘော်၊အင်းလယ်ထိပ်စောင်း၊မနောသုခ စတဲ့ စပါးဈေးတွေဟာ ဈေးငြိမ်နေတာ တွေ့ရပါတယ်။အင်းလယ်ထိပ်စောင်းဈေး ဟာ ဧည့်မထစပါးထဲမှာ ဈေးအကောင်း ဆုံးနဲ့ အရောင်းအဝယ်အများဆုံး စပါးဖြစ်နေပါတယ်။ စပါးဈေး တင်း (၁၀၀) ၄၆ ပေါင်ဝင်ဈေးဟာ ၄၂၃၂၀၀ ကျပ်မှ ၄၄၁၆၀၀ ကျပ်ထိဈေးပေါက် နေပါတယ်။ ဆန်တစ်အိတ်ကို ၁၆၅၀၀ ကျပ်မှ၁၇၀၀၀ကျပ်ထိအရောင်းအဝယ် ဖြစ် နေပါတယ်။ အင်းလယ်စပါးဟာ စားသုံးသူများအတွက် မပျော့မမာဖြစ် ပြီး၊စားလို့လည်းကောင်း၊ဆန်အရည် အသွေးကလည်းလှတာကြောင့်စားသုံးသူ တွေကြိုက်နှစ်သက်ကြပါတယ်။ဈေးနှုန်း မှာလည်း သင့်တင့်တာကြောင့် သုံးစွဲမှု များကြောင်း တွေ့ရပါတယ်။ အရောင်း အဝယ်သွက်တာကြောင့်ရန်ကုန်သို့တင် ပို့မှုတွင်လည်း တစ်ရက်ကို အိတ် ၈၀၀ မှ၁၀၀၀ထိတင်ပို့ကြောင်းသိရပါတယ်။ ဆန်ချောဖြစ်တဲ့ တောင်ပျံမွှေး စပါးကတော့၅၉၈၀၀၀ကျပ်ဈေးနဲ့နောက် ဆုံးဈေးငြိမ်နေပါတယ်။ရန်ကုန်ဈေးကွက် တွင် ဖျာပုံပေါ်ဆန်းမွှေး ဈေးကွက်တွေ ငြိမ်ပြီးကျနေတာကြောင့် ရန်ကုန်ကို တင်ပို့မှုမရှိဘဲဈေးငြိမ်နေတာဖြစ်ကြောင်း သိရပါတယ်။နီနီဝင်း - ပြည်
