စိတ်ဖိစီးမှုဒဏ်ကို ကုစားဖို့တရားထိုင်တဲ့ အီမာစတုန်း

Amazing Spider-man စတား အီမာစတုန်းဟာ သူ့ရဲ့စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနိုင်ဖို့အတွက် တရားထိုင်လေ့ကျင့်ခန်း ကို နေ့စဉ်လိုလို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Amazing Spider-man 2 ဇာတ်ကားကို ရိုက်ကူးစဉ်က ရရှိခဲ့တဲ့ စိတ် ဒဏ်ရာတွေကို ကုစားဖို့အတွက် သူ့ရဲ့စိတ်တွေ ကို ဖြေလျှော့ပေးနိုင်ဖို့အတွက် တရားထိုင်လေ့ကျင့်ခန်းကို ပြုလုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။ ''ကျွန်မ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက နေ့တိုင်းတရားထိုင်တဲ့အမူ အကျင့်ကိုလုပ်ခဲ့ပါတယ်။ ဒါဟာကျွန်မရဲ့ဘဝကို လုံးဝပြောင်း လဲစေမယ့် အရာတစ်ခုပါ။ ဒီတရားထိုင်တာဟာ တကယ့်ကို ကြည်နူးဖို့ကောင်းပါတယ်။ တစ်နေ့ကို နှစ်ကြိမ်တရားထိုင်ပါတယ်။ အဲဒီလိုတရားထိုင်တဲ့အတွက် ကျွန်မSpider-man2ဇာတ်ကားရိုက်ကူးတုန်းကရရခဲ့တဲ့စိတ်ဒဏ်ရာတွေတော်တော်များများပျောက် ကုန်တယ်''လို့ Contactmusic မှာ ဖော်ပြထားပါတယ်။ ရွှေအိုရောင်ဆံပင်ပိုင်ရှင် အီမာ စတုန်းဟာ သူ့ရဲ့ဆံပင်ကို အညိုရောင်အဖြစ်ပြောင်းလဲလိုက်တဲ့အတွက် သူ့ရဲ့ ငယ်မူ ငယ်သွေးတွေ ပြန်လည်စိုပြေလာသလိုခံစားရတဲ့အတွက်အဲဒီအညိုရောင် ကိုပဲ စွဲစွဲမြဲမြဲထားတော့မယ်လို့ဆိုပါတယ်။ သူ့ရဲ့စွဲမက်ဖွယ်ကောင်းတဲ့ဆံကေ သာရဲ့အလှကြောင့် လူတိုင်းရဲ့နှုတ်ဖျားမှာ ရေပန်းစားခဲ့ပေမယ့် အဲဒီ Spider man 2 ဇာတ်ကားကို ရိုက်ကူးပြီးချိန်မှာတော့ အိမ်မပြန်ချင်လောက်အောင်ကိုဖြစ်ခဲ့ရပြီး ဟိုတယ်မှာပဲအချိန်တွေကို ကုန်လွန်စေခဲ့တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းပေါင်းများစွာနဲ့သောက်စားရင်း အချိန်တွေကို ကုန်လွန်ခဲ့ပေမယ့် သူ့ရဲ့စိုးရိမ်ပူပန်မှုတွေဟာ လျော့ပါးမသွားခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်သူငယ်ချင်းတစ်ဦးရဲ့ ကောင်းမှုကြောင့် သူဟာတရားထိုင်တဲ့ လေ့ကျင့်စဉ်တစ်ခုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။