အဝတ်အစားဝတ်ရတာကိုမုန်းတဲ့ ဒရူးဘယ်ရီမိုး

အမေရိကန်ရုပ်ရှင်မင်းသမီးချော ဒရူးဘယ်ရီမိုးက သူ့အနေနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရတာငြီးငွေ့လာတဲ့အတွက် အဝတ် အစားတွေ ဝတ်ခိုင်းရင် ကိုယ့်ကိုယ်ကိုသတ်သေချင်လောက်အောင်ဖြစ်မိတယ်လို့ ရယ်မောပြောဆိုခဲ့ပါတယ်။

မကြာခင်ကမှ ဒုတိယမြောက်သမီးလေးကို မွေးဖွားခဲ့တဲ့ဒရူးဘယ်ရီမိုးဟာ အခုအချိန်မှာ သူ့ကို ပွဲတက်ဝတ်စုံ ခပ်ကြပ်ကြပ်တွေ လာဝတ်ခိုင်းရင် တော်တော်ကို စိတ်တိုရတယ်လို့ ဆိုပါတယ်။ ''ကျွန်မကို ခုချိန်မှာ ပွဲတက်ဝတ်စုံတွေလာဝတ်ခိုင်းရင် အရမ်းကိုဒေါသဖြစ်မိတယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် ကို ဖြစ်မိတယ်။ ဘာမှမဝတ်ရင်တောင် အကောင်းဆုံးပဲလို့တွေးနေမိတယ်။ ပွဲတွေလည်းမတက်ချင်ဘူး။ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လူရှေ့သူရှေ့လျှောက်ပြရတာတွေကိုမုန်းနေမိပြီ။ အဲဒါ ဘာကြောင့်ဖြစ်ရမှန်းကို ကျွန်မကိုယ်ကျွန်မမသိဘူး''လို့ Red Magazine နဲ့ အင်တာဗျူးရာမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ချားလ်စ်အိန်ဂျယ်လ်ဇာတ်လမ်းတွဲရဲ့ မင်းသမီးချောလေး ဒရူးဘယ်ရီမိုးဟာ အခုလောလောဆယ်မှာတော့ Blended ဆိုတဲ့ ဟာသဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒရူးဘယ်ရီမိုးက သူ့ကိုယ်သူလည်း   စွဲဆောင်မှုမရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဝေဖန်ထားပါသေးတယ်။ ကျွန်မမှာ လှပတဲ့နေရာ စွဲဆောင်မှုရှိတဲ့နေရာဆိုလို တစ်နေရာမှမရှိဘူး။ ခြေထောက်တွေကတိုတယ်။ လက်မောင်းတွေဆို ကြည့်ရတာတော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်။ တကယ့်ကို ရယ်စရာကောင်းတဲ့ခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူပါ ကျွန်မမှာဝတ်စကုပ်လေးတစ်ထည်ကိုပဲ စမတ်ကျကျဝတ်စားတတ်တဲ့ သူပါလို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်သူက အခုရိုက်ကူးပြသနေတဲ့ Blended ဇာတ်လမ်းတွဲရဲ့ အဝတ်အစားဒီဇိုင်နာကိုတော့ ချီးကျူးစကားဆိုခဲ့ပါတယ်။ ''ကျွန်မ ကံကောင်းပါတယ်။ ဒီ Blended ဇာတ်ကားရဲ့ အဝတ်အစားဒီဇိုင်နာက ကျွန်မရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို အကုန်သိနေတဲ့အတွက် တော်တော်လေးကိုအဆင်ပြေပါတယ်''လို့ ပြောကြားခဲ့ပါတယ်။