ပရိသတ်များ၏တိုးဝှေ့မှုကြောင့် ဟိုတယ်အတွင်းသို့ One Direction အဖွဲ့ ပြေးဝင်ခဲ့ရ
ကမ္ဘာကျော်တေးဂီတအဖွဲ့ဖြစ်တဲ့ One Direction အဖွဲ့ဟာ Where We Are ဆိုတဲ့ခရီးစဉ်ကို ဧပြီလ ၂၅ ရက်နေ့က စတင်ခဲ့ ရာ အဲဒီနေ့မှာ ကိုလံ ဘီယာနိုင်ငံမှာစတင်ဖျော်ဖြေခဲ့ပါတယ်။
ဧပြီလ ၂၆ရက်နေ့မှာတော့ One Direction အဖွဲ့ဟာ ပီရူးနိုင်ငံ လီမာမြို့မှာရှိတဲ့ Estadio အမျိုးသားအားကစားရုံမှာ သူတို့ ရဲ့ဖျော်ဖြေပွဲကိုကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ ပီရူးပရိသတ်တွေဟာ One Direction အဖွဲ့ရှိရာ စင်မြင့်အနီးကို တိုးဝှေ့လာကြတဲ့ အတွက် ပွဲကြည့်ပရိသတ်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ စင်ပေါ်မှာဖျော်ဖြေနေတဲ့ One Direction အဖွဲ့ဟာလည်း ပီရူးနိုင်ငံသားတွေရဲ့ကြောက်ခမန်းလိလိအားပေးမှုတွေကို ကိုယ်တိုင် ကိုယ်ကျမြင်တွေ့ခဲ့ရပါတယ်။ အဲဒီလိုကြောက်ခမန်းလိလိ တိုးဝှေ့အားပေးခဲ့ကြတာကြောင့် ပွဲစီစဉ်သူတွေဟာ One Direction အဖွဲ့ကို သူတို့နေထိုင်ရာဟိုတယ်ကို လူအုပ်ကြီးကြားကနေ တိုးဝှေ့ထွက်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလိုပရိသတ်တွေရဲ့တိုးဝှေ့မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ရာ ယင်းကဲ့သို့ ဒဏ်ရာရရှိမှုများအတွက် အလွန်ပင်ဝမ်းနည်းမိ ပါကြောင်းနှင့် အနူးအညွတ်တောင်းပန်ပါကြောင်းဖြင့် One Direction အဖွဲ့ကပြောကြားခဲ့ပါတယ်။ One Direction အဖွဲ့ဖျော်ဖြေ နေစဉ်မှာပရိသတ်များရဲ့တိုးဝှေ့မှုကြောင့် ပရိသတ် ၄၇ဦး အသက်ရှူကြပ်မှုဖြစ်ပွားခဲ့ရကာ ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ အားကစားရုံမီးသတ်ဌာနမှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
