ထိုင်းနိုင်ငံက ၂၀၁၄ မလေးရှားဈေးကွက်ကိုသိမ်းယူဖို့မျှော်လင့်၊ ဆန်တန်ချိန်၈သိန်း အရောင်းအဝယ်ဖြစ်ဖို့ အိန္ဒိယထက် ဈေးလျှော့နိုင်

 
ထိုင်းနိုင်ငံဟာ ၂၀၁၄ မှာ မလေး ရှားကို ဆန်တန်ချိန် တစ်သန်းထိ တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ ရိုက်တာ သတင်းအရ သိရပါ တယ်။ ထိုင်းအစိုး ရအနေနဲ့ မလေးရှားအစိုးရဝယ်ယူရေး အေဂျင်စီဖြစ်တဲ့ ဘားနပ်နဲ့ ၂၀၁၄ မှာ ၅ မှတ် ဆန်တန်ချိန် ၆သိန်းနဲ့ ၈ သိန်း ကြားရောင်းချဖို့ ညှိနှိုင်းနေတယ်လို့

ပြည်ပကုန်သွယ်ရေးဌာန အကြီးအကဲ ဖြစ်သူက ပြောကြား တယ်လို့ လည်း ဖေါ်ပြ ထားပါတယ်။ကမ်းလှမ်းဈေးကိုဖွင့်ဟပြောကြားခြင်းမရှိပေမဲ့ မလေးရှား အစိုးရနဲ့ အရောင်းအဝယ်အောင်မြင်ဖို့ အတွက် ထိုင်းအစိုးရ အနေနဲ့အလွန်ယှဉ်ပြိုင်နိုင်တဲ့ဈေးနဲ့ကမ်းလှမ်းဖွယ်ရှိတယ်လို့လည်းဆန်တင်ပို့သူများကဆိုပါတယ်။ အစိုးရအနေနဲ့ အချိန်ကြာ မြင့်စွာ သိုလှောင်ထားတဲ့ ဆန်အရည် အသွေးအရ ဈေးကွက်ပေါက်ဈေးထက် တစ်တန်ကန်ဒေါ်လာ ၂၀-၃၀ ခန့် လျှော့ပြီး ကမ်းလှမ်း ဖွယ်ရှိတယ်လို့ လည်းဆိုပါတယ်။ အစိုးရက ၎င်းင်းရဲ့သို လှောင်ဆန်တွေကို ထုတ်ရောင်းဖို့ အပူ တပြင်းဖြစ်နေခြင်း က ပြည်ပ ပို့ကုန်ဈေးကိုကျဆင်းဖို့ဖြစ်စေပြီးထိုင်းဆန်ဈေးဟာ နှစ်ပေါင်း၂ အတွင်းပထမအကြိမ်အနေနဲ့ ဗီယက်နမ်ဆန်ဈေးအောက် ကို ရောက် ရှိနေပြီလို့ သိရပါ တယ်။
 
လက်ရှိမှာ ထိုင်း ၅ မှတ်ပို့ကုန် ဈေးက တစ်တန် ကန်ဒေါ်လာ ၃၈၀ ရှိနေပြီး ဗီယက်နမ် ၅ မှတ်ဆန်ဈေးက ကန်ဒေါ်လာ ၄၁၀ဈေးရှိတယ်လို့သိရပါတယ်။ နှစ်စဉ်ဆန်တန်ချိန် တစ်သန်းဝန်းကျင်တင်သွင်းနေရတဲ့ မလေးရှားဟာ ထိုင်းနိုင်ငံရဲ့ ပုံမှန်ဖောက် သည် ဖြစ်ပါတယ်။ဒါပေမဲ့ ဆန်အပေါင်ခံ အစီအစဉ်အရ ထိုင်းဆန်ဈေးမြင့်တက် တာကြောင့် မလေးရှားကို တင်ပို့မှု ကျဆင်းခဲ့ပါ တယ်။လက်ရှိမှာတော့လက်ကျန် သိုလှောင်မှုတွေက စုလာပြီး လယ်သမားတွေကို ပေးဖို့ရောင်းချဖို့ လည်း လိုအပ်နေပြီဖြစ်လို့ ထိုင်းဆန်က တစ်ဖန်ပြန်လည်ယှဉ်ပြိုင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ၂၀၁၀ မှာ မလေးရှားကို  ၁၈၃ç၆၇၇ တန်၊ ၂၀၁၁ မှာ ၃၃၀ç၈၃၂တန်၊ ၂၀၁၂ မှာ ၆၉၆၈၆ တန်နဲ့ ၂၀၁၃ မှာ  ၁၅၅ç၂၃၀ တန် တင်ပို့ခဲ့ကြောင်း ထိုင်းဆန်တင်ပို့ သူများ အသင်း စာရင်းများအရသိရပါတယ်။ပြည်တွင်းသတင်းများအရ ထိုင်းအစိုးရဟာ ၎င်းင်းရဲ့သိုလှောင်ပုံ ထဲမှာဆန်တန် ချိန် ၁၀ သန်းဝန်းကျင် ရှိနေပြီး လစဉ် တန်ချိန် တစ်သန်းစီ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါ တယ်။ အမေရိကန်စိုက်ပျိုးရေးဌာန ခန့်မှန်းချက်အရ မလေးရှားနိုင်ငံဟာ၂၀၁၃ မှာတန်ချိန် ၈၉၀ç၀၀၀ ခန့်တင်သွင်းခဲ့ပြီး ၂၀၁၄ မှာတော့ တန်ချိန် ၁ ဒသမ ၁ သန်းဝန်းကျင်ခန့် တင်သွင်းရလိမ့်မယ်လို့ ဆိုပါတယ်။