ဆန်အတွက် အနိမ့်ဆုံးတင်ပို့ဈေးနှုန်းကို ဗီယက်နမ်နိုင်ငံကဖယ်ရှားဖို့စီစဉ်
ဗီယက်နမ်အစိုးရဟာ ဗီယက်နမ်စား နပ်ရိက္ခာအသင်းမှတင်းကြပ်တဲ့ ကြမ်းခင်းဈေးသတ်မှတ်မှုအစား နိုင်ငံပိုင်ရော၊ ပုဂ္ဂလိကဆန်တင်ပို့သူတွေအတွက်ပါ ၎င်းတို့ကိုယ်ပိုင်ဈေးနှုန်းသတ်မှတ်ဖို့အ တွက် အနိမ့်ဆုံးဆန်တင်ပို့ဈေး (MEP) သတ်မှတ်မှုကို ဖယ်ရှားဖို့စဉ်းစားနေတယ် လို့ ပြည်တွင်းသတင်းများမှာ ဖော်ပြ ထားကြောင်း သိရပါတယ်။ လက်ရှိအနိမ့် ဆုံးဆန်တင်ပို့ဈေးနှုန်းအနေနဲ့ ၅ မှတ် ဆန်ဈေးမှာ ကန်ဒေါ်လာ ၄၁၀ ဈေးရှိပြီး ၂၅ မှတ်ဆန်ဈေးမှာ ကန်ဒေါ်လာ ၃၇၅ နဲ့ ၃၅ မှတ်ဆန်ဈေးမှာ ကန်ဒေါ်လာ ၃၆၅ ရှိတယ်လို့ သိရပါတယ်။
အနိမ့်ဆုံးဆန်တင်ပို့ဈေးသတ်မှတ်မှုကိုဖယ်ရှားဖို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးအလားတူဗီယက်နမ် ဆန်ပို့ ကုန်ဈေးကွက်တွေကိုသက်ရောက်နိုင်တဲ့အချက်တွေနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်ပြဖို့အပြင် ဖြစ်နိုင်ခြေရှိတဲ့ ဆန်တင် ပို့မှု ရည်မှန်းချက်များချမှတ်ဖို့အတွက် စိုက် ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနနဲ့ စက်မှုလက်မှုနဲ့ ကုန်သွယ်မှု ဝန်ကြီးဌာနတို့ကို ညွှန်ကြားထားကြောင်း သိရပါတယ်။ ပြည်တွင်းဆန်တင်ပို့သူများရဲ့ပြော ကြားချက်အရ အဲဒီအစီအစဉ်ဟာ ဆန်တင်ပို့သူများအတွက် ပိုမိုအဆင်ေြ ပချော မွေ့စေဖို့ အထောက်အပံ့ပြုတဲ့အနေနဲ့ အစိုးရက ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆို ပါတယ်။ အဲဒီလို ဆုံးဖြတ်ခြင်း ဟာ ဗီယက်နမ်ဆန်တင်ပို့မှုဈေးကွက်မှာ ဗီယက် နမ်စားနပ်ရိက္ခာအသင်းရဲ့လွှမ်းမိုးချုပ် ကိုင်မှုကို အဆုံးသတ်လိမ့်မယ်လို့ လည်း သုတေသီများက ဆိုပါတယ်။
အဲဒီဖယ်ရှားမှုကပြည်တွင်းဆန်တင်ပို့သူများအနေနဲ့ဆန်ပို့ကုန်ဈေးနှုန်းအပေါ်ထပ်မံဈေး ကျဆင်းအောင် ဆောင်ရွက်နေတဲ့ အိန္ဒိယ၊ ထိုင်းနဲ့ ပါကစ္စ တန်နိုင်ငံတို့လို ဆန်တင်ပို့သူနိုင်ငံတွေ အကြားမှာ ယှဉ်ပြိုင်မှု ပိုမိုကြီးမားလာမယ်လို့လည်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း က ဆိုပါတယ်။ ဒါကြောင့် ပြည် တွင်းဆန် တင်ပို့သူများ အနေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်မှု ကိုထိန်းထားဖို့ အခက်အခဲနဲ့ရင်ဆိုင်ရလိမ့် မယ်လို့လည်း ဆိုပါတယ်။ အမှန်တော့ ဗီယက်နမ်စားနပ်ရိက္ခာအသင်းနဲ့ နိုင်ငံပိုင်ပို့ကုန်အဖွဲ့အစည်းများဖြစ်တဲ့ VINAFOOD I နဲ့ VINAFOOD II တို့ကနိုင်ငံတကာဆန်ဈေးကွက်မှာ ဗီယက်နမ်ဆန်ကိုဈေးပေါတဲ့ဆန်အဖြစ်မှတ်ယူနိုင်တဲ့ဖိလစ်ပိုင်တင်ဒါ တင်သွင်း ဈေး အလွန် နိမ့်နေခြင်းအတွက် ပြည်တွင်းမှာ ဝေဖန်မှုများပြုနေတယ်လို့ သိရပါ တယ်။ ၎င်းင်းဈေးနှုန်းသတ်မှတ်တဲ့အပေါ် အခြေခံပြီး ပြည်ပဝယ်လက်များက ညှိ နှိုင်းမှုများပြုနေကြောင်း ဆန်တင်ပို့သူများကဆိုပါတယ်။ လယ်သမားများနဲ့ ပြည် တွင်းဆန်တင်ပို့သူများဟာ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ထပ် လောင်းပြောကြားပါတယ်။ တစ်ချိန်တည်းမှာဗီယက်နမ်ရဲ့ယခင် ဝန်ကြီးချုပ်ဖြစ်တဲ့ ငုရင်ကွန်တန်မှ ဗီယက် နမ်စားနပ်ရိက္ခာအသင်းဟာပို့ကုန်မူဝါဒ များဖန်တီးဖို့အခွင့်အရေးများစွာရှိနေပြီး ပြည်တွင်းလုပ်ငန်းရှင်တွေထံက ဆန်စု ဆောင်းဖို့နဲ့တင်ပို့ခွင့်အာဏာရှိတဲ့နိုင်ငံ ပိုင်ပို့ကုန် အဖွဲ့အစည်းနှစ်ခုကို ကာ ကွယ်နေတယ်လို့ပြောကြားခဲ့ပြီးပို့ကုန် စီမံခန့်ခွဲမှုမှာ ဗီယက်နမ်စားနပ်ရိက္ခာ အသင်း ရဲ့ အခန်းကဏ္ဍကို ဝေဖန်ပြော ကြားကြောင်း သိရပါတယ်။ ၎င်းင်းအသင်းအနေနဲ့ပုဂ္ဂလိကဆန်တင်ပို့သူတွေနဲ့ လယ်သမားတွေကို အလေးထားမှုမ ရှိဘူးလို့လည်း ထောက်ပြပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၄ ဇန်နဝါရီလ ၁ ရက်မှ မေလ ၂၂ ရက်အထိ ဆန်တန်ချိန် ၂ သန်းခန့် တင်ပို့ခဲ့ပြီးဖြစ်လို့ ၂၀၁၃ ကာလတူတင်ပို့ခဲ့တဲ့တန်ချိန် ၂ ဒသမ ၈ သန်းထက် ၂၆ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရပါ တယ်။ ယခုနှစ်လက်ရှိအချိန်ထိ ဆန်ပျမ်းမျှဈေးက ၤဥြ တစ်တန် ကန်ဒေါ်လာ ၄၃၆ မှာ တန်းနေလို့ ၂၀၁၃ ဇန်နဝါရီလ မှ မေလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းကန်ဒေါ်လာ ၄၃၉ ထက် ၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရ ပါတယ်။ ယခုလအစပိုင်းမှာ ဗီယက်နမ် စား နပ်ရိက္ခာအသင်းက ဆန်တင်ပို့မှုလျာထား ချက်ကို ထိုင်းနဲ့ အိန္ဒိယတို့ရဲ့ယှဉ်ပြိုင်မှုတိုး လာတဲ့အတွက် အစောပိုင်း လျာထားတဲ့ တန်ချိန် ၆ ဒဿမ ၅ သန်းမှ ၇ သန်း ကနေ တန်ချိန် ၆ ဒသမ ၂ သန်းကို လျော့ကျခန့်မှန်းခဲ့ကြောင်း သိရပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန (့ှီဗ ) က ခန့်မှန်းရာမှာ ၂၀၁၃ မှာ ဆန်တန်ချိန် ၆ ဒသမ ၇ သန်း တင်ပို့ခဲ့ပေမယ့် ၂၀၁၄ မှာတော့ ၃ ရာခိုင်နှုန်းခန့် ကျဆင်းပြီး တန်ချိန် ၆ ဒသမ ၅ သန်း ခန့်သာ တင်ပို့နိုင်ကာ ၂၀၁၅ မှာ တန်ချိန် ၆ ဒသမ ၇ သန်းကို တစ်ဖန်ပြန်လည်မြင့်တက်နိုင် တယ်လို့ သိရပါတယ်။လမင်း
