မိုးနောက်ကျလို့ ဧည့်မိုးစပါး အစိုက်နောက်ကျ

 
မွန်ပြည်နယ်ရဲ့ဒေသထွက် ပေါ် ဆန်းစပါးကို မော်လမြိုင်၊ မုဒုံမြို့နယ်တို့တွင်အများဆုံး စိုက်ပျိုးပြီး သထုံမြို့ နယ်ဘက် တွင်လည်းအနည်းငယ်စိုက်ပျိုးပါတယ်။ မော်လမြိုင်မြို့ရဲ့ ပေါ်ဆန်း စပါးဈေးဟာ ဧပြီလဆန်းပိုင်းမှာ တစ် တင်း၆၃၀၀ကျပ် မှမေလဒုတိယပတ်မှာ ၆၅၀၀ ကျပ်ဖြစ်လာပြီး ယခုမေလကုန် ၃၀ ရက်နေ့မှာတော့ ၆၇၀၀ ကျပ်ကို ဈေးတက် လာ တာတွေ့ရပါတယ်။တောင် သူ လက်ဝယ်မရှိသလောက ်ဖြစ်နေပြီး

ယခုအချိန်မှာ ပေါ်ဆန်းဆန်ကို ဒေသ တွင်း စားသုံးမှုများနေလို့ ဆန်လတ် စတစ်အိတ် ၂၃၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်ကို ဈေးမြင့်လာပါတယ်။ ဧည့်မထ စပါးဈေးမှာ တစ်တင်း ၃၈၆၀ ကျပ်ဖြစ် ပြီးဆန်လတ်စတစ်အိတ်၁၅၀၀၀ကျပ်ဖြစ် လို့ ယခင်အပတ်ထက် ၅၀၀ ကျပ်ဈေး မြင့်လာ ပါတယ်။ မော်လမြိုင်မြို့ရဲ့ ဧည့် (မိုး) စပါးကိုနှစ်စဉ် မေလ တတိယပတ် မှာ စိုက်လေ့ရှိသော်လည်းယခုနှစ်ရာသီ ဥတုအခြေအနေအရ မိုးနောက်ကျ နေလို့ဇွန်လကုန်၊ဇူလိုင်လဆန်းလောက် မှ မိုးစပါးကို စိုက်ပျိုးနိုင်လိမ့်မယ်လို့ ခန့်မှန်းေ ကြာင်း သိရှိရပါတယ်။