ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေနှေးကွေးနေတာကို လားဂတ်က သတိပေး

ကမ္ဘာ့ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင် ရေးနဲ့ နောက်တစ်ကြိမ်ဖြစ်လာမဲ့ဘဏ္ဍာရေးအကျပ်အတည်းကိုကာကွယ်ဖို့ ဆောင်ရွက်ရာမှာ တိုးတက်မှု အခြေအ နေကနှေးကွေးလွန်းနေကြောင်းအပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင် အမ်အက်ဖ်) အကြီးအကဲ ခရစ်စတင်း လာဂတ်က မေ ၂၇ ရက်က ပြောပါ တယ်။

 
''သတင်းကောင်းကတော့ အပြည် ပြည်ဆိုင်ရာအသိုင်းအဝိုင်းက ပြုပြင် ပြောင်းလဲရေးအစီအစဉ်ကို တိုး တက် အောင်ေ ဆာင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ဘေဆယ်ကော်မတီရဲ့ကြီးကြပ်မှုအရဘဏ်လုပ်ငန်းကြီးကြပ်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နိုင် ခဲ့ ပြီးဒီကတစ်ဆင့်ခိုင်မာေ တာင့်တင်းတဲ့ မတည်ငွေ ရင်းနဲ့ ငွေဖြစ်လွယ်မှု လိုအပ်ချက်တွေ ကို ဖြည့်ဆည်းေ ပးနို င်မှာ ဖြစ်ပါ တယ်''လို့ လန်ဒန်မှာကျင်းပတဲ့ ကွန်ဖရင့်တစ်ခု မှာ လားဂတ်က ပြောပါတယ်။ ''သတင်းဆိုးကတော့ တိုးတက်မှု နှုန်းက နှေးကွေးလွန်းပြီး အပြီးသတ်နိုင် ဖို့ အလှမ်းဝေးနေတာဖြစ်ပါတယ်'' လို့ ဆိုပါတယ်။ ဘဏ္ဍာရေးကဏ္ဍမှာ ကြီးကြပ် ထိန်းသိမ်းမှုတွေ တင်းတင်းကျပ်ကျပ်ပြု လုပ်ဖို့အိုင်အမ်အက်ဖ် အကြီးအကဲက တိုက်တွန်းပြီးပြဿနာတစ်စုံတစ်ရာပေါ် ပေါက်ပါက စနစ်တကျနဲ့ မီဂါဘဏ် အ အကြီးစားတွေကို လုပ်ငန်းရပ်ဆိုင်းဖို့ အ တွက် ကမ္ဘာ့အတိုင်းအတာနဲ့ သဘော တူထားတဲ့ မူဘောင်တစ်ခု ချမှတ်ဖို့ နှိုး ဆော်ခဲ့ပါတယ်။ ကြီးလွန်းတဲ့အတွက် မကျဆုံးစေရ ဘူးဆိုတဲ့ အယူအဆအဆုံးသတ်ဖို့က ပထမဦးစားပေးဖြစ်ကြောင်း၊ ဆိုလိုတာ က ပိုမိုတင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်း နဲ့ ပိုမိုတင်းကျပ်တဲ့ ကြီးကြပ်မှုရှိဖို့ လိုတဲ့ သဘောဖြစ်ကြောင်းသူမကပြောပါတယ်။ ဘဏ္ဍာရေးကဏ္ဍရဲ့အပြုအမူ တွေ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ် အတည်းကာလကအတိုင်း ဆက်ရှိနေ ပြီးပြောင်းလဲ မှုမရှိသေး ဘူးလို့ လားဂတ် ကပြောပါတယ်။ အပြုအမူပြောင်းလဲမှု တချို့ရှိတယ်ဆိုပေမဲ့ နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူးလို့ ဆိုပါတယ်။