ဥရောပသမဂ္ဂနိုင်ငံများနဲ့ ရုရှားနိုင်ငံသို့ မြန်မာ့ဆန်၊ ဆန်ကွဲနဲ့ ပေါင်းဆန် တင်ပို့နိုင်မှု ဧပြီလထက် မေလတွင် ပိုမို
၂၀၁၄ ခုနှစ်၊ မေလအတွင်း ရုရှားနဲ့ EU နိုင်ငံစုံသို့ ပေါင်းဆန် အပါ အဝင် မြန်မာ့ဆန်၊ ဆန်ကွဲတင်ပို့မှု မှာ စုစုပေါင်း တန်ချိန် ၂၅၅၄၈ တန်တင်ပို့ နိုင်ခဲ့တာမို့ ပြီးခဲ့တဲ့ဧပြီလအတွင်းကတန်ချိန် ၂၅၃၅၀ တန် တင်ပို့ခဲ့ တာ ကြောင့် ယခင်လနဲ့နှိုင်းယှဉ်ပါက တန် ချိန် ၁၉၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ရုရှားနဲ့ဥရောပသမဂ္ဂနိုင်ငံများသို့ ပေါင်းဆန် ဧည့်မထ ၅ မှတ်နဲ့ပေါင်း ဆန် (ဧည့်မထ /ငစိန်) အထူး ဆန် ကွဲများ တန်ချိန် စုစုပေါင်း ၁၂၄၈ တန်၊ တန်ဖိုးကန်ဒေါ်လာ ၅၂၆၄၀၀ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေ ကေ တာ့ ပေါင်းဆန်ဧည့်မထအထူးဆန်ကွဲတန် ၁၅၀ ကိုရုရှားနိုင်ငံသို့လည်းကောင်း၊ငစိန်အထူးဆန်ကွဲတန်၂၀၀ကို နယ်သာလန် နိုင်ငံ သို့လည်းကောင်း၊ ဧည့်မထ ၅ မှတ် ပေါင်းဆန်များကိုတော့ နယ်သာလန် နိုင်ငံသို့ ၄၈ တန်၊ ရုရှားနိုင်ငံသို့ တန် ၅၀၀၊ ဘယ်ဂျီယံနိုင်ငံသို့ တန် ၂၅၀ နဲ့ ခရိုအေးရှားနိုင်ငံသို့ တန် ၁၀၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။
မြန်မာ့ဆန်ဖြူ ဧည့်မထ (၅ မှတ်/၁၅ မှတ်)၊ ငစိန် ၅ မှတ်နဲ့ ဇီယာ (၅ မှတ်/၂၅ မှတ်) ဆန်တန်ချိန် စုစုပေါင်း ၄၃၀၀ တန်၊ တန်ဖိုးဒေါ်လာ ၁၇၆၁၂၅၀ ဖိုး တင်ပို့နိုင်ခဲ့ကြောင်း လည်းသိရပါတယ်။နိုင်ငံအလိုက် အမျိုး အစားအလိုက် တင်ပို့နိုင်မှုတွေကတော့ ဧည့်မထ ၅ မှတ် ဆန်တန် ၅၀၀ ကို ပေါ်တူဂီနိုင်ငံသို့လည်းကောင်း၊ ဧည့်မထ ၁၅ မှတ် ဆန်တန် ၁၅၀ ကို ချက် သမ္မတနိုင်ငံ သို့ လည်းကောင်းတင်ပို့ခဲ့ပြီး၊ ငစိန် ၅ မှတ်ဆန်တွေကို တော့ ရုရှားနိုင်ငံသို့ တန် ၃၀၀၀ နဲ့ ယူကရိန်း နိုင်ငံသို့ တန် ၅၀၀ အသီးသီးတင် ပို့ခဲ့ တာဖြစ်ပါတယ်။ဒါ့အပြင် ရုရှားနိုင်ငံ သို့ ဇီယာ ၅ မှတ်ဆန်တန် ၅၀ နဲ့ ၂၅ မှတ်ဆန်တန် ၁၀၀ ကို တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရပါတယ်။ ဆန်ကွဲတင်ပို့နိုင်မှုကိုကြည့်မယ် ဆိုလျှင် ဆန်ကွဲအမျိုးအစားအလိုက် စုစု ပေါင်း တန်ချိန် ၂၀၀၀၀၊ တန်ဖိုး ကန် ဒေါ်လာ ၅၇၇၀၀၀၀ ဖိုးတင်ပို့မှုရှိ ကြောင်း တွေ့ရပါတယ်။ နိုင်ငံအလိုက် အမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေ ကတော့ B (2,3,4) အမျိုးအစား တန် ၂၅၀၀ ကို နယ်သာလန်နိုင်ငံသို့ လည်း ကောင်း၊ ဗြိတိန်နိုင်ငံသို့ တန် ၅၀၀ နဲ့ ဘယ်ဂျီယံနိုင်ငံသို့ တန် ၅၀၀၀ တင်ပို့ခဲ့ တဲ့အပြင် ဆန်ကွဲ B (1,2)အမျိုးအစား များကိုလည်း နယ်သာလန်နိုင်ငံသို့ တန် ၁၀၀၀နဲ့ဘယ်ဂျီယံနိုင်ငံသို့ တန် ၁၁၀၀၀ အသီးသီးတင်ပို့နိုင်ခဲ့ပါကြောင်း သတင်း ရရှိပါတယ်။
