လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာ၍ ချင်းရွှေဟော်နယ်စပ်တွင် ကုန်သွယ်မှုတိုးတက်လာ

 

ချင်းရွှေဟော်နယ်စပ်စခန်းမှာ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းမှာသိန္နိမှချင်းရွှေ ဟော်စခန်းသို့(၅၃) မိုင် သာ ဝေးပြီးယခင်ကလိုလမ်းကြောင်း အခြေ အနေမှာလည်းမဆိုးဝါးတော့ဘဲအေးရှား ဝေါလ်ကုမ္ပဏီမှခင်းပေးထားတဲ့ နိုင်လွန် ကတ္တရာလမ်းဖြစ်တဲ့အတွက်လမ်းကောင်းတာကတစ်ကြောင်း၊ချင်းရွှေဟော်စခန်းမှ(၃)မိုင်ကျော်လောက်မောင်းပြီးသည်နှင့်တစ်ဘ က်နိုင်ငံသို့ရောက်သည်ကတစ် ကြောင်းတို့ကြောင့်ကုန်သွယ်မှုပမာဏ တိုးတက်လာရခြင်းဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့ချင်းရွှေဟော် နယ်စပ်မှာကျင်းပပြုလုပ်တဲ့ ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်း တာဝန်ခံ မှပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒါ့အပြင်မိမိဘက်ကပို့ကုန် ကားများရောက်သည်နှင့်တစ်ဘက်နိုင်ငံ မှကုန်ကဲ့ ကားများ ချက်ချင်း လာရောက် ကဲ့ယူနိုင်တာတွေ့ရသလိုလာရောက်မကဲ့ နိုင်ပါကလည်းဂိုဒေါင်များတွင်ချထား နိုင်ပြီးပို့ကုန်ကားများနေ့ချင်းပြီးကုန်ချပြီး အပြန်တွင် လည်း သွင်းကုန်များ ကိုတစ်ပါတည်းသယ်သွားနိုင်တဲ့အတွက် ပို့ကုန်ကားများ အနေဖြင့်၂ရက် စောင့် ၃ ရက်စောင့် အချိန် မပေးရဘဲ ရောက် ချထွက်၊ရောက်တင်ထွက် အနေအထား ဖြင့်ဆောင် ရွက်နိုင်တာတွေ့ ရတယ်လို့ သိရပါ တယ် ။ ရေထွက် ကုမ္ပဏီ လုပ်ငန်း ရှင် များအနေနဲ့လည်း မိုးဦးကာလ ရာသီရောက်ရှိလာပြီဖြစ်၍ ကဏန်း၊ ငါးရှဉ့် ရေထွက်ပို့ကုန်များကို ယခုထက် ပိုမိုတင်ပို့နိုင်အောင်ကြိုးပမ်းဆောင်ရွက် ပေးစေလိုကြောင်း၊ မိမိဘက်ရှိကုမ္ပဏီ၊ ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် တစ်ဘက်နိုင်ငံ မှာရှိတဲ့ကုမ္ပဏီ၊ကုန်သည်၊လုပ်ငန်းရှင်များနဲ့ချိတ်ဆက်၍ မိမိဘက် မှပို့ကုန်အမယ်သစ်များ ရှာဖွေ တင်ပို့ နိုင်ေ ရးေ ဆာင် ရွက်နိုင်ဖို့လိုသလိုမိမိဘက် မှ လည်းလိုအပ်မည့်တစ်ဘက်နိုင်ငံမှ အခြား သွင်းကုန်များကိုလည်း ရှာဖွေတင်သွင်းပေးကြစေ လိုကြောင်းစခန်း တာဝန်ခံမှ ထပ်မံပြောကြား ခဲ့ပါတယ်။