ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် နှစ်သိန်းတင်ပို့ဖို့ မလေးရှားနှင့်စာချုပ်ချုပ်

 
ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် နှစ်သိန်းတင်ပို့မယ့်စာချုပ်ကို မလေးရှား နဲ့ အခိုင်အမာချုပ်ဆိုထားပြီဖြစ်ကြောင်း ရိုက်တာသတင်း မှာ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီစာချုပ်အရ ဗီယက်နမ်နိုင်ငံပိုင်ဆန်ပို့ကုန်ကော်ပိုရေးရှင်းVINAFOOD II က ယခုနှစ်မှာ ဆန် ဖြူ ၅ မှတ်တန်ချိန်နှစ်သိန်းမလေးရှား ကို တင်ပို့သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့FOB  တစ်တန် ကန် ဒေါ်လာ ၄၁၀ နဲ့သတ်မှတ်ထားပြီး တင်ပို့မှုကို ဇူလိုင်လနဲ့ သြဂုတ်လမှာ ပြု လုပ်သွားမယ်လို့လည်း ပြည်တွင်းကုန် သွယ်ရေး သတင်း များ အရ သိရပါတယ်။

ဒီရောင်းဝယ်မှုဟာ ယခုနှစ်ဧပြီလ မှာ ဖိလစ်ပိုင်က ဆန်တန်ချိန် ၈ သိန်း တင်သွင်းမှုစာချုပ်အောင်မြင်ပြီးတဲ့နောက် အကြီးဆုံး ပမာဏလို့ဆိုပါတယ်။ အဲဒီ ရောင်းဝယ်မှုက မြစ်နီမြစ်ဝှမ်းဒေသမှာ ဆောင်းဦးရာသီရိတ်သိမ်းမယ့်စပါးတွေ ရောင်းဝယ်မယ့်အချိန် ဆန်တင်ပို့ဈေး နှုန်းကို အထောက်အကူဖြစ်စေနိုင်လိမ့် မယ်လို့လည်း မျှော်လင့်ကြကြောင်း သိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (ၤFAO) ရဲ့ ဆန်ဈေးနှုန်းစာရင်းတွေအရ ၂၀၁၄ ခုနှစ် ဧပြီလမှာဗီယက်နမ် ၂၅ မှတ်ဆန်ဈေးဟာတစ်တန်ကန်ဒေါ်လာ ၃၅၆ ရှိခဲ့ရာမှ ၂ ရာခိုင်နှုန်းခန့်မြင့်တက် ပြီး မေလမှာ ကန်ဒေါ်လာ ၃၆၄ ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီနှစ်စပိုင်း မှာ ဆန်ဈေးက ၄ ရာခိုင်နှုန်းခန့်ကျဆင်း ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ ဗီယက် နမ်ရဲ့ ပုံမှန်ဆန်တင်ပို့နေတဲ့ နေရာဖြစ် ပြီး ၂၀၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၄၆၅ ၉၇၇ နဲ့ ၂၀၁၂ မှာ တန်ချိန် ၇၆၄၆၉၂ တင်ပို့နိုင်ခဲ့တယ်လို့ ဗီယက်နမ်အထွေ ထွေစာရင်းအင်းရုံးမှ သိရပါတယ်။